ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၄-၇-၂၀၁၇) ရက်နေ့တွင် ဟိုပင်မြို့နယ်၊ ပြည်ထောင်စုလမ်းမပေါ်ရှိ အမှတ် (၁) အခြေခံပညာ အထက်တန်း ကျောင်းရှေ့တွင် မုန်တိုင်းဘေး၊ ရေဘေး၊ ငလျင်ဘေး၊ မီးဘေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းနှင့် အသိပညာပေးဆိုင်းဘုတ်အား စိုက်ထူပေးခဲ့ကြောင်း သတင်းရရှိပါသည်။
Source: မိုးညှင်းခရိုင်ဦးစီးမှူးရုံး (ကဆရ)