ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူ များသည် (၃.၇.၂၀၁၇) ရက်နေ့တွင် အင်္ဂပူမြို့နယ်၊ ခွေးတောက်ချောင်းအုပ်စု၊ နံကပ်ကြီးကျေးရွာ၊ လေဘေးကြောင့်လုံးဝပြိုကျအိမ်ခြေ (၂)လုံးမ အိမ်ထောင်စု (၂)စုစာအတွက် ကယ်ဆယ်ရေး ပစ္စည်း(၁၀)မျိုး အမိုးလန်နေအိမ် (၂)လုံး အတွက် ကယ်ဆယ်ရေးပစ္စည်း(၄)မျိုး၊ လူ (၁၅) ဦး ဆန်ရိက္ခာ (၇) ရက်စာဖိုး (၃၁၅၀၀)နှင့် အိမ်ဆောက်ပစ္စည်းဖိုးငွေ(၄၀၀၀၀၀)အား (၅.၇.၂၀၁၇) ရက်နေ့တွင် သွားရောက်ထောက်ပ့ံခဲ့ကြောင်း သတင်းရရှိပါသည်။Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ကဆရ)