(၂-၇-၂၀၁၇) ရက်နေ့ ညနေ (၂) နာရီအချိန်တွင် မိုင်းဖြတ်ခရိုင်ဦးစီး မှူးရုံး(ကဆရ)မှ တာဝန်ရှိသူများသည် မိုင်းဖြတ်မြို့နယ်၊ နမ့်ဟွေ့လုံကျေးရွာတွင် သဘာဝဘေးအသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ပါသည်။ အဆိုပါ ဟောပြောပွဲသို့ စုစုပေါင်း လူဦးရေ (၈၀) ဦးခန့် တက်ရောက်ခဲ့ရာ တက်ရောက်လာသူများအား လက်ကမ်း စာစောင် များဖြန့်ဝေပေးကာ အုပ်ချုပ်ရေးမှူးထံသို့ နံရံကပ်ပိုစတာ ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။
Source: မိုင်းဖြတ်ခရိုင်ဦးစီးမှူးရုံး (ကဆရ)