ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ခန္တီးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ခန္တီးမြို့နယ်အတွင်း ချင်းတွင်းမြစ်ရေတိုးမှုကြောင့် ရေလွတ်ရာသို့ ပြောင်းရွှေ့ကြရသော အိမ်ထောင်စု (၇၄) စု၊ လူဦးရေ (၃၂၀) ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၅) မျိုး (၇၄) အိမ်ထောင်စာနှင့် ဆန်ရိက္ခာဖိုးငွေ (၆၇၂,၀၀၀) ကျပ်တို့အား မြို့နယ်စီမံခန့်ခွဲမှုကော်မတီရုံး၌လည်းကောင်း၊ ရေဘေးကြောင့် ပြောင်းရွှေ့သီလရှင် (၂၃) ပါးအတွက် ကယ်ဆယ်ရေးပစ္စည်း (၂) မျိုး (၂၃) ပါးစာနှင့် ဆန်ရိက္ခာဖိုးငွေ (၄၈,၃၀၀) ကျပ်အားလည်းကောင်း၊ ကပ္ပိယ (၃) ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၄) မျိုးနှင့် ဆန်ရိက္ခာဖိုးငွေ (၆,၃၀၀) ကျပ်တို့အား ပေါမိုးဘုန်းတော်ကြီး ကျောင်းတွင်လည်းကောင်း (၅-၇-၂၀၁၇) ရက်နေ့တွင် စီမံခန့်ခွဲမှုကော်မတီဥက္ကဌနှင့်အတူ သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသတင်းရရှိပါသည်။
Source: ခန္တီးခရိုင်ဦးစီးမှူးရုံး (ကဆရ)