ကမ်းပြိုဘေးထောက်ပံ့မှုသတင်း

ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်၊ ကျေးရွာ (၃) ရွာ၌ ဧရာဝတီမြစ်ရေတိုက်စား၍ ကမ်းပါးပြိုကျမှုကြောင့် အိမ်ထောင်စု (၁၂) စုအား (၄-၇-၂၀၁၇) ရက်နေ့တွင် ဘေးလွတ်ရာသို့ ပြောင်းရွှေ့ပေးခဲ့ပါသည်။ အဆိုပါ ပြောင်းရွှေ့အိမ်ထောင်စုများအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁,၂၀၀,၀၀၀) ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၇) မျိုး (၁၂) အိမ်ထောင်စာနှင့် လူဦးရေ (၆၀) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၁၂၆,၀၀၀) ကျပ်တို့အား (၅-၇-၂၀၁၇) ရက်နေ့တွင် မြို့နယ်ထွေအုပ်ရုံးမှတစ်ဆင့် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

Source:   မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)

Sign Up

Upcoming Events