လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မွန်ပြည်နယ် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၄-၇-၂၀၁၇) ရက်နေ့၊ နံနက် (၁၁း၀၀) နာရီအချိန်ခန့်တွင် မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် မော်လမြိုင်မြို့၊ ရပ်ကွက်အချို့တွင် သက်တမ်းရင့်လမ်းဘေးညောင်ပင်ကြီးများနှင့် သစ်ပင်ကြီးအချို့ ပြိုလဲကျခဲ့ရာ လူနေအိမ်အနည်း ငယ်ပိမိခဲ့ခြင်းနှင့် လမ်းများအနည်းငယ်ပိတ်ဆို့ခြင်းများဖြစ်ပေါ်ခဲ့ပါသည်။ အဆိုပါဖြစ်စဉ်နေရာများသို့ မွန်ပြည်နယ်ဦးစီးမှူးမှသွားရောက်၍ မြို့နယ်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီဝင်များ၊ ရပ်ကွက်နေပြည်သူများ၊ သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ်များနှင့်လိုအပ်သောပေါင်း စပ်ညှိနှိုင်းမှုများဆောင်ရွက်ခဲ့ပြီး ရှင်းလင်းရေးလုပ်ငန်းစဉ်များဆောင်ရွက်လျက်ရှိကြောင်းနှင့် လူထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်း သိရှိရပါသည်။ လေပြင်းတိုက်ခတ်မှုကြောင့် မော်လမြိုင်မြို့နယ်အတွင်းရှိ သီရိမြိုင်ရပ်ကွက်တွင် လုံးဝပြိုကျပျက်စီးနေအိမ် (၁) လုံး၊ တစ်စိတ်တစ်ပိုင်းပျက်စီးနေအိမ် (၂၅) လုံးတို့အတွက် ကယ်ဆယ်ရေးပစ္စည်းများ၊ အိမ်ဆောက်ပစ္စည်းဖိုးငွေများ၊ ဆန်ရိက္ခာဖိုးငွေများအားလည်းကောင်း၊ မုပွန်ရပ်ကွက်တွင် လေပြင်းတိုက်ခတ်ပြီး ညောင်ပင်ပြိုကျမှုကြောင့် ထိခိုက်ဒဏ်ရာ (မစိုးရိမ်ရ) ရခဲ့သည့်အမျိုးသမီး (၁) ဦးတို့အတွက်လည်းကောင်း (၄-၇-၂၀၁၇) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: မွန်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ)