Category Archives: News
-
ဒီးမော့ဆိုမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးခန်းမ၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စွမ်းဆောင်ရည်မြှင့်တင်မှုနှင့် Gender Mainstreaming သင်တန်းဖွင့်လှစ်မှုသတင်း
ကယားပြည်နယ်ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာနနှင့် IRC တို့ပူးပေါင်း၍ ဒီးမော့ဆိုမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးခန်းမ၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စွမ်းဆောင်ရည်မြှင့်တင်မှုနှင့် Gender Mainstreaming သင်တန်းကို ဇူလိုင် (၅) ရက်နေ့၊ နံနက် (၀၉းဝ၀) နာရီအချိန်တွင် စတင်ဖွင့်လှစ်ခဲ့ရာ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများနှင့် စိတ်ပါဝင်စားသူ စုစုပေါင်း (၃၀) ဦး သင်တန်းတက်ရောက်ကြပါသည်။ သင်တန်းကာလမှာ (၃) ရက်ဖြစ်ပြီး ပြည်နယ်ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးးဦးစီးဌာန၊ ပြည်နယ်မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနနှင့် မြို့နယ်မီးသတ်ဦးစီးဌာနတို့မှ သက်ဆိုင်ရာကဏ္ဍအလိုက် ဆွေးနွေးပို့ချခဲ့ကြောင်း သိရှိရပါသည်။ Source: ကယားပြည်နယ်ဦးစီးမှူးရုံး (ကဆရ)
-
ရေဘေးရှောင်ပြည်သူများ ယာယီခိုလှုံနေထိုင်ရန် ရေဘေးရှောင် Camp များ ကြိုတင်ပြင်ဆင်ဆောက်လုပ်မှုသတင်း
မကွေးတိုင်းဒေသကြီး၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိ သူများသည် နှစ်စဉ်မြစ်ရေလွှမ်းတတ်၍ ရေဘေးအန္တရာယ်ကြုံတွေ့နေရသော ပခုက္ကူမြို့နယ်၊ ရှားပင်ကျေးရွာအုပ်စု၊ သဖန်းပင်ကျေးရွာ၊ ရှားပင်ကျေးရွာ၊ နုံးပို့ကျေးရွာရှိ ရေဘေးရှောင်ပြည်သူ (၃၀၀)ဦးခန့် ခိုလှုံနေထိုင်ရန်အတွက် (၇-၇-၂၀၁၇) ရက်နေ့မှ စတင်၍ ဥယျာဉ်ကျေးရွာ၌ အနာဂတ်အလင်းရောင်လူငယ်ဖွံ့ဖြိုးရေးအသင်း၊ ပုညမုဒိတာလူမှုကူညီရေးအသင်း၊ TLMM အဖွဲ့၊ ကျေးရွာအုပ်ချုပ်ရေးမှူး၊ ရပ်/ကျေးစာရေး၊ ရာအိမ်မှူး/ဆယ်အိမ်မှူးများ၊ ကျေးရွာနေပြည်သူများနှင့်အတူ ရေဘေးရှောင် Camp စခန်းများအား ကြိုတင်ပြင်ဆင်ဆောက်လုပ်ပေးလျက် ရှိပြီး ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်တွင်လည်း နှစ်စဉ်မြစ်ရေလွှမ်းတတ်၍ ရေဘေးအန္တရာယ်ကြုံတွေ့နေရသော ရေစကြိုမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများတွင် နေထိုင်ကြသော … Read more
-
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ရခိုင်ဒေသခံတိုင်းရင်းသားကျေးရွာများအရောက် လိုအပ်ချက်များဖြည့်ဆည်းဆောင်ရွက်ပေးမှုသတင်း
– လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ရခိုင်ပြည်နယ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးနှင့်အဖွဲ့သည် (၇-၇-၂၀၁၇) နေ့ ညနေပိုင်းတွင် စစ်တွေမြို့၊ ဆေးသမားကြီးကယ်ဆယ်ရေးစခန်းသို့ ရောက် ရှိပြီး စခန်းတာဝန်ခံများ၊ စခန်းတွင်နေထိုင်သူများနှင့်တွေ့ဆုံပြီး အမျိုးသမီးများနှင့်ကလေးများအတွက် အဝတ်အထည်များ၊ စားစရာများနှင့် ကစားစရာအရုပ်များပေးအပ်ခဲ့ပါသည်။ ထို့နောက် ဆပ်ရိုးကျကယ်ဆယ်ရေးစခန်းသို့ရောက်ရှိပြီး ဆပ်ရိုးကျကွက်သစ်နေရာချ တည်ဆောက် ထားမှု၊ စခန်းလိုအပ်ချက်ဖြစ်သောလျပ်စစ်ဓါတ်အားရရှိရေး၊ နေအိမ်သုံးမီတာပုံးများတပ်ဆင်ပေးရေးတို့ကို ပံ့ပိုးထောက်ပံ့မှုပေးရန် ညှိနှိုင်း ဆောင်ရွက်ခဲ့ပါသည်။ ထို့နောက်အမျိုးသမီးများနှင့်ကလေးများအတွက် အဝတ်အထည်များ၊ စားစရာများနှင့် ကစားစရာအရုပ်များ ပေးအပ်ခဲ့ပါ သည်။ – ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် (၈-၇-၂၀၁၇) နေ့ … Read more
-
မုံရွာမြို့နယ်အတွင်း ချင်းတွင်းမြစ်ရေဝင်ရောက်လျက်ရှိသော ကျေးရွာများသို့ ထောက်ပံ့ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ကွင်းဆင်းကြီးကြပ်စစ်ဆေးမှုသတင်း
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်မှ ချင်းတွင်းမြစ်ရေဝင်ရောက်လျှက်ရှိသော ဘုဗကျေးရွာအုပ်စုနှင့် ညောင်ဖြူပင်ကျေးရွာအုပ်စုများမှ ရွှေ့ပြောင်းနေထိုင်ရေးဆောင်ရွက်လျှက်ရှိသော အိမ်ထောင်စုများအတွက် လိုအပ်သည့် ထောက်ပ့ံရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန် တိုင်းဒေသကြီးဦးစီးမှူးသည် တိုင်းဒေသကြီး အစိုးရအဖွဲ့မှ လူမှုရေးဝန်ကြီး၊ လျှပ်စစ်နှင့်လမ်းပန်းဝန်ကြီး၊ ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီး၊ ချင်းတိုင်းရင်းရေးရာဝန်ကြီးတို့နှင့်အတူ (၉့ရ့၂၀၁၇) ရက်နေ့တွင် ကွင်းဆင်းစစ်ဆေးကြည့်ရှုစစ်ဆေးခဲ့ပါသည်။ ထို့ပြင် ကျေးရွာ(၃)ရွာမှ အိမ်ထောင်စု(၃၃၂)စု၊ လူဦးရေ (၁၅၅၄) ဦးရွှေ့ပြောင်းနေထိုင်ပြီး၊ ညောင်ဖြူပင်ကျေးရွာ အုပ်စု၊ ကျေးရွာ(၃)မှ အိမ်ထောင်စု (၁၃၇၁)စု ရွှေ့ပြောင်းနေထိုင်ကာ လူဦးရေမှာစိစစ် ကောက်ခံဆဲဖြစ်ကြောင်းနှင့် ရေဝင်ကျေးရွာ(၆)ရွာမှ စုစုပေါင်း အိမ်ထောင်စု (၁၃၇၁)စု အတွက် အလှူပစ္စည်း ခေါက်ဆွဲခြောက် … Read more
-
ချင်းတွင်းမြစ်ရေဝင်ရောက်နေမှုအား ကွင်းဆင်းဆောင်ရွက်ခြင်းသတင်း
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်မှ ချင်းတွင်းမြစ်ရေဝင်ရောက်လျှက် ရှိသော ဘုဗကျေးရွာအုပ်စုနှင့် ညောင်ဖြူပင်ကျေးရွာအုပ်စုများမှ ရွှေ့ပြောင်းနေထိုင်ရေးဆောင်ရွက်လျှက်ရှိသော အိမ်ထောင်စုများအတွက် လိုအပ်သည့် ထောက်ပ့ံရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် တိုင်းဒေသကြီးဦးစီးမှူးသည် (၈-၇-၂၀၁၇) ရက်နေ့တွင် ကွင်းဆင်းစစ်ဆေးကြည့်ရှုပြီး ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့်ညှိနှိုင်း ဆောင်ရွက်ခဲ့ပါသည်။
-
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့နယ်အတွင်း သဘာဝဘေးအသိပညာပေးဗီနိုင်းပိုစတာများ စိုက်ထူပေးနေမှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မော်လိုက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၈-၇-၂၀၁၇) နေ့တွင် အများပြည်သူများလေ့လာဖတ်ရှုနိုင်စေရန် လူစည်ကားရာနေရာများဖြစ်သော စျေးရှေ့ ကူးတို့ဆိပ်ကမ်းနှင့် ရေဘေးရှောင်စခန်းဖွင့်လှစ်ထားသော မြို့မဘုန်းတော်ကြီးကျောင်း၊ အားကစားခန်းမတို့တွင် အသိပညာပေး ဗိနိုင်းပိုစတာများ စိုက်ထူခဲ့ကြောင်း သတင်းရရှိပါသည်။
-
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း သဘာဝဘေးအသိပညာပေးဗီနိုင်းပိုစတာများ စိုက်ထူပေးနေမှုသတင်း
စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)မှ တာဝန်ရှိသူများသည် သဘာဝဘေး အသိပညာပေး ဗီနိုင်းပိုစတာများအား ပြည်သူများဖတ်ရှုလေ့လာနိုင်ရန်အတွက် ကားဂိတ်၊ ဘူတာ၊ ရေယာဉ်အသင်းဆိပ်ကမ်းများ၌ (ရ့ရ့၂၀၁၇)ရက်နေ့တွင် လိုက်လံချိတ်ဆွဲဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
-
မကွေးတိုင်းဒေသကြီးအတွင်း ကမ်းပါးပြိုဘေးသင့် ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း
မကွေးတိုင်းဒေသကြီး၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်၊ နွယ်နီကျေးရွာအုပ်စု၊ နွယ်နီကျွန်းကျေးရွာ၌ (၄-၇-၂၀၁၇) ရက်နေ့ ချင်းတွင်းမြစ်ရေတိုက်စားမှုကြောင့် ကမ်းပြိုမှုဖြစ်ပွားခဲ့ရာ ကမ်းပြိုဘေးသင့်အိမ်ခြေ (၃) လုံး၊ အိမ်ထောင်စု (၃) စု၊ လူဦးရေ (၁၈) ဦးအတွက် အိမ်ထောင်စု (၃) စုစာ ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုး (၃၀၀၀၀၀ိ/-)၊ နှင့် ဆန်ရိက္ခာဖိုး (၃၇၈၀၀ိ/-) ကျပ်၊ စုစုပေါင်း (၃၃၇၈၀၀ိ/-)၊ ပခုက္ကူမြို့နယ်၊ ကျွန်းညိုကျေးရွာအုပ်စု၊ ကျွန်းညိုရွာသစ်ကျေးရွာတွင် (၄-၇-၂၀၁၇) ရက်နေ့ … Read more
-
ကမ်းပါးပြိုဘေးနှင့် ချင်းတွင်းမြစ်ရေမြင့်တက်မှုကြောင့် ပြောင်းရွှေ့ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးဝမြို့နယ်၊ နန်းဇလိန်ကျေးရွာ၌ (၄- ၇-၂၀၁၇) နေ့တွင် ချင်းတွင်းမြစ် ကမ်းပါးပြိုကျမှုကြောင့် နေအိမ်(၁) လုံး၊ အိမ်ထောင်စု(၁)စု၊ လူဦးရေ(၁၀)ဦး ပြောင်းရွှေ့ခဲ့ရမှု အတွက် ကယ်ဆယ်ရေးပစ္စည်း(၅)မျိုးနှင့်အတူ အိမ်ဆောက်ပစ္စည်းဖိုးငွေ(၁၀၀၀၀၀) အား ကလေးခရိုင်ဦးစီးမှုးရုံးမှ တာဝန်ရှိသူများသည် (၇-၇-၂၀၁၇) နေ့တွင် ကလေးဝမြို့နယ်ထွေ/အုပ်ရုံးသို့ သွားရောက််ခဲ့ပြီး ဒုမြို့နယ်အုပ်ချုပ်ရေးမှူးမှှတဆင့် လွှဲပြောင်းထောက်ပံပေးခဲ့ပြီး ကလေးဝမြို့နယ်၊ ဂဇက်ကျေးရွာ၊ အုန်းပင်စုကျေးရွာနှင့် ဆင်ခေါင်းကျေးရွာတို့၌ ချင်းတွင်းမြစ်ရေမြင့်တက်မှုကြောင့် (၆- ၇- ၂၀၁၇) နေ့တွင် အိမ်ခြေ (၈) လုံး၊ အိမ်ထောင်စု (၈) … Read more









