မကွေးတိုင်းဒေသကြီး၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိ သူများသည် နှစ်စဉ်မြစ်ရေလွှမ်းတတ်၍ ရေဘေးအန္တရာယ်ကြုံတွေ့နေရသော ပခုက္ကူမြို့နယ်၊ ရှားပင်ကျေးရွာအုပ်စု၊ သဖန်းပင်ကျေးရွာ၊ ရှားပင်ကျေးရွာ၊ နုံးပို့ကျေးရွာရှိ ရေဘေးရှောင်ပြည်သူ (၃၀၀)ဦးခန့် ခိုလှုံနေထိုင်ရန်အတွက် (၇-၇-၂၀၁၇) ရက်နေ့မှ စတင်၍ ဥယျာဉ်ကျေးရွာ၌ အနာဂတ်အလင်းရောင်လူငယ်ဖွံ့ဖြိုးရေးအသင်း၊ ပုညမုဒိတာလူမှုကူညီရေးအသင်း၊ TLMM အဖွဲ့၊ ကျေးရွာအုပ်ချုပ်ရေးမှူး၊ ရပ်/ကျေးစာရေး၊ ရာအိမ်မှူး/ဆယ်အိမ်မှူးများ၊ ကျေးရွာနေပြည်သူများနှင့်အတူ ရေဘေးရှောင် Camp စခန်းများအား ကြိုတင်ပြင်ဆင်ဆောက်လုပ်ပေးလျက် ရှိပြီး ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်တွင်လည်း နှစ်စဉ်မြစ်ရေလွှမ်းတတ်၍ ရေဘေးအန္တရာယ်ကြုံတွေ့နေရသော ရေစကြိုမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများတွင် နေထိုင်ကြသော ရေဘေးရှောင်ပြည်သူ (၃၀၀)ဦးခန့် ခိုလှုံနေထိုင်ရန်အတွက် (၈-၇-၂၀၁၇) ရက်နေ့မှ စတင်၍ ဂူကြီးဘုန်းတော်ကြီးကျောင်းတိုက်အတွင်း၌ မြို့နယ်မီးသတ်တပ်ဖွဲ့၊ ရေစကြိုလူငယ်ကွန်ယက်၊ ရွှေပါရမီလူမှုကူညီရေး အသင်း၊ My Land အဖွဲ့၊ မေတ္တာရင်ခွင်လူမှုကူညီရေးအသင်း၊ ပန်းပျိုးလက်လူမှုကူညီရေးအသင်း၊ စေတနာရှင်လူမှုကူညီရေးအသင်း၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့်အတူ ရေဘေးရှောင် Camp စခန်းများ ကြိုတင်ပြင်ဆင်ဆောက်လုပ်ပေးလျက်ရှိပါကြောင်း သတင်းရရှိပါသည်။