ဒီးမော့ဆိုမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးခန်းမ၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စွမ်းဆောင်ရည်မြှင့်တင်မှုနှင့် Gender Mainstreaming သင်တန်းဖွင့်လှစ်မှုသတင်း

10_pic01
ကယားပြည်နယ်ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာနနှင့် IRC တို့ပူးပေါင်း၍ ဒီးမော့ဆိုမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးခန်းမ၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စွမ်းဆောင်ရည်မြှင့်တင်မှုနှင့် Gender Mainstreaming သင်တန်းကို ဇူလိုင် (၅) ရက်နေ့၊ နံနက် (၀၉းဝ၀) နာရီအချိန်တွင် စတင်ဖွင့်လှစ်ခဲ့ရာ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများနှင့် စိတ်ပါဝင်စားသူ စုစုပေါင်း (၃၀) ဦး သင်တန်းတက်ရောက်ကြပါသည်။ သင်တန်းကာလမှာ (၃) ရက်ဖြစ်ပြီး ပြည်နယ်ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးးဦးစီးဌာန၊ ပြည်နယ်မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနနှင့် မြို့နယ်မီးသတ်ဦးစီးဌာနတို့မှ သက်ဆိုင်ရာကဏ္ဍအလိုက် ဆွေးနွေးပို့ချခဲ့ကြောင်း သိရှိရပါသည်။

Source: ကယားပြည်နယ်ဦးစီးမှူးရုံး (ကဆရ)

Sign Up

Upcoming Events