မကွေးတိုင်းဒေသကြီးအတွင်း ကမ်းပါးပြိုဘေးသင့် ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း

7.7.2017

မကွေးတိုင်းဒေသကြီး၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်၊ နွယ်နီကျေးရွာအုပ်စု၊ နွယ်နီကျွန်းကျေးရွာ၌ (၄-၇-၂၀၁၇) ရက်နေ့ ချင်းတွင်းမြစ်ရေတိုက်စားမှုကြောင့် ကမ်းပြိုမှုဖြစ်ပွားခဲ့ရာ ကမ်းပြိုဘေးသင့်အိမ်ခြေ (၃) လုံး၊ အိမ်ထောင်စု (၃) စု၊ လူဦးရေ (၁၈) ဦးအတွက် အိမ်ထောင်စု (၃) စုစာ ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုး (၃၀၀၀၀၀ိ/-)၊ နှင့် ဆန်ရိက္ခာဖိုး (၃၇၈၀၀ိ/-) ကျပ်၊ စုစုပေါင်း (၃၃၇၈၀၀ိ/-)၊ ပခုက္ကူမြို့နယ်၊ ကျွန်းညိုကျေးရွာအုပ်စု၊ ကျွန်းညိုရွာသစ်ကျေးရွာတွင် (၄-၇-၂၀၁၇) ရက်နေ့ မြစ်ရေတိုက်စား မှုကြောင့် ပြောင်းရွှေ့အိမ်ထောင်စု (၁) စု၊ လူဦးရေ (၄) ဦးအတွက် အိမ်ထောင်စု (၁) စုစာ ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး၊ အိမ်ဆောက်ပစ္စည်းတန်ဖိုး (၁၀၀၀၀၀ိ/-)နှင့် ဆန်ရိက္ခာဖိုး (၈၄၀၀ိ/-)၊ စုစုပါင်း(၁၀၈၄၀၀ိ/-) တို့အား (၇-၇-၂၀၁၇) ရက်နေ့တွင် ဘေးသင့်ပြည်သူများ၏ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

Sign Up

Upcoming Events