မုံရွာမြို့နယ်အတွင်း ချင်းတွင်းမြစ်ရေဝင်ရောက်လျက်ရှိသော ကျေးရွာများသို့ ထောက်ပံ့ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ကွင်းဆင်းကြီးကြပ်စစ်ဆေးမှုသတင်း

9.7.2017

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်မှ ချင်းတွင်းမြစ်ရေဝင်ရောက်လျှက်ရှိသော ဘုဗကျေးရွာအုပ်စုနှင့် ညောင်ဖြူပင်ကျေးရွာအုပ်စုများမှ ရွှေ့ပြောင်းနေထိုင်ရေးဆောင်ရွက်လျှက်ရှိသော အိမ်ထောင်စုများအတွက် လိုအပ်သည့် ထောက်ပ့ံရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန် တိုင်းဒေသကြီးဦးစီးမှူးသည် တိုင်းဒေသကြီး အစိုးရအဖွဲ့မှ လူမှုရေးဝန်ကြီး၊ လျှပ်စစ်နှင့်လမ်းပန်းဝန်ကြီး၊ ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီး၊ ချင်းတိုင်းရင်းရေးရာဝန်ကြီးတို့နှင့်အတူ (၉့ရ့၂၀၁၇) ရက်နေ့တွင် ကွင်းဆင်းစစ်ဆေးကြည့်ရှုစစ်ဆေးခဲ့ပါသည်။ ထို့ပြင် ကျေးရွာ(၃)ရွာမှ အိမ်ထောင်စု(၃၃၂)စု၊ လူဦးရေ (၁၅၅၄) ဦးရွှေ့ပြောင်းနေထိုင်ပြီး၊ ညောင်ဖြူပင်ကျေးရွာ အုပ်စု၊ ကျေးရွာ(၃)မှ အိမ်ထောင်စု (၁၃၇၁)စု ရွှေ့ပြောင်းနေထိုင်ကာ လူဦးရေမှာစိစစ် ကောက်ခံဆဲဖြစ်ကြောင်းနှင့် ရေဝင်ကျေးရွာ(၆)ရွာမှ စုစုပေါင်း အိမ်ထောင်စု (၁၃၇၁)စု အတွက် အလှူပစ္စည်း ခေါက်ဆွဲခြောက် (၄၃) ဖာနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ရေသန့်ကဒ် (၁၅၀) ကဒ် တို့အား ကနဦးထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

Sign Up

Upcoming Events