ကမ်းပါးပြိုဘေးနှင့် ချင်းတွင်းမြစ်ရေမြင့်တက်မှုကြောင့် ပြောင်းရွှေ့ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း

7.7.2017
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးဝမြို့နယ်၊ နန်းဇလိန်ကျေးရွာ၌ (၄- ၇-၂၀၁၇) နေ့တွင် ချင်းတွင်းမြစ် ကမ်းပါးပြိုကျမှုကြောင့် နေအိမ်(၁) လုံး၊ အိမ်ထောင်စု(၁)စု၊ လူဦးရေ(၁၀)ဦး ပြောင်းရွှေ့ခဲ့ရမှု အတွက် ကယ်ဆယ်ရေးပစ္စည်း(၅)မျိုးနှင့်အတူ အိမ်ဆောက်ပစ္စည်းဖိုးငွေ(၁၀၀၀၀၀) အား ကလေးခရိုင်ဦးစီးမှုးရုံးမှ တာဝန်ရှိသူများသည် (၇-၇-၂၀၁၇) နေ့တွင် ကလေးဝမြို့နယ်ထွေ/အုပ်ရုံးသို့ သွားရောက််ခဲ့ပြီး ဒုမြို့နယ်အုပ်ချုပ်ရေးမှူးမှှတဆင့် လွှဲပြောင်းထောက်ပံပေးခဲ့ပြီး ကလေးဝမြို့နယ်၊ ဂဇက်ကျေးရွာ၊ အုန်းပင်စုကျေးရွာနှင့် ဆင်ခေါင်းကျေးရွာတို့၌ ချင်းတွင်းမြစ်ရေမြင့်တက်မှုကြောင့် (၆- ၇- ၂၀၁၇) နေ့တွင် အိမ်ခြေ (၈) လုံး၊ အိမ်ထောင်စု (၈) စု၊ လူဦးရေ (၃၅) ဦးတို့သည် နီးစပ်ရာဆွေမျိုးသားချင်း နေအိမ်များထံ ရွှေ့ပြောင်းခဲ့မှုကြောင့် ဘေးသင့်ပြည်သူများအတွက် ကယ်ဆယ်ရေးပစ္စည်း (၅) မျိုး၊ (၈) အိမ်ထောင်စာနှင့် ဆန်ရိက္ခာဖိုးငွေ (၇၃၅၀၀) ကျပ်အား (၇-၇-၂၀၁၇) နေ့တွင် ကလေးခရိုင်ဦးစီးမှူးရုံး တာဝန်ရှိသူများမှ ကလေးဝမြို့နယ်၊ ဒုမြို့နယ်အုပ်ချုပ်ရေးမှူးထံမှတဆင့် အသီးသီးထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

Sign Up

Upcoming Events