Category Archives: News
-
ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ သဘာဝဘေးဆိုင်ရာစီမံခန့်ခွဲမှုအခြေခံ(ဆင့်ပွား)သင်တန်း ဖွင့်လှစ်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများနှင့် လူသရမ်ဝေါလ်ဖက်ဒရေးရှင်း-မြန်မာ(LWF)တို့ပူးပေါင်းလျက် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအခြေခံ(ဆင့်ပွား) သင်တန်းကို ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်းရှ ိကျေးရွာ (၁၂)ရွာမှ တစ်ရွာလျှင် (၂)ဦးနှုန်းဖြင့် စုစုပေါင်း သင်တန်းသား/သူ (၂၄)ဦး အား (၁၃.၇.၂၀၁၇)ရက်နေ့မှ(၁၄.၇.၂၀၁၇)နေ့အထိ (၂)ရက် ကြာ သင်တန်းဖွင့်လှစ်ခဲ့ပြီး အသိပညာပေးလက်ကမ်းစာစောင်များ လည်းဖြန့်ဝေပေးခဲ့ပါသည်။ ၄င်းနောက်ပြည်နယ်ဦးစီးမှူးမှ မီးဘေး/ ရေဘေး/ မုန်တိုင်းဘေး/ ငလျင်ဘေးများနှင့်စပ်လျဉ်း၍ ကြိုတင်ကာကွယ်ရေးဆိုင်ရာ ဆောင်ရန်/ရှောင်ရန် ဗီနိုင်းပိုစတာများကို ကြာအင်းဆိပ်ကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူးထံသို့လွှဲပြောင်းပေးအပ်ခဲ့ကြောင်းသတင်းရရှိပါသည်။
-
ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ် ကယ်ဆယ်ရေးစခန်းမှ ပြောင်းရွှေ့သွားကြသည့် ကမန်တိုင်းရင်းသားများ နှင့်ပတ်သက်၍ ဒေသတွင်း ပြန်လည်နေရာချထားရေးနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီမှ ထောက်ပံ့ဆောင်ရွက်မှုအခြေအနေများ
– ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်ရေး အကောင်အထည်ဖော်ရေး ဗဟို ကော်မတီ၏လုပ်ငန်းများကို အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရန်အတွက် ဖွဲ့စည်းပေးထားသော လုပ်ငန်းကော်မတီများအနက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ဦးဆောင်သောဒေသတွင်း ပြန်လည်နေရာချထားရေးနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကော်မတီသည် ကယ်ဆယ်ရေးစခန်းများရှိ ကမန်တိုင်းရင်း သားများ၏ အရေးကိစ္စများကိုလည်း အလေးထား ဆောင်ရွက် လျက်ရှိပါသည်။ – ထိုသို့ဆောင်ရွက်လျက်ရှိရာရမ်းဗြဲမြို့၊ အမှတ် (၆) ရပ်ကွက်၊ တန်းရွာ IDP စခန်းတွင် နေထိုင် လျက်ရှိရာမှ၂၀၁ရခုနှစ်၊ ဧပြီ၊ မေနှင့်ဇွန်လများအတွင်း မိမိတို့၏သဘောဆန္ဒအလျောက် တရားဝင်တင်ပြ၍ ရန်ကုန်မြို့နှင့် သံတွဲမြို့များသို့ … Read more
-
ရေကြီးရေလျှံမှုများကိုထိရောက်စွာတုန့်ပြန်ဆောင်ရွက်နိုင်ရေး ပြည်ထောင်စုနှင့် တိုင်းဒေသကြီးအစိုးရတို့ ပူးပေါင်းဆောင်ရွက်မှုသတင်း
(၁၅-၇-၂၀၁၇)၊ မန္တလေး အမျိုးသားသဘာဝဘေးဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဒုတိယဥက္ကဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထား ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်နှင့်တွေ့ဆုံ၍ မန္တလေးတိုင်းဒေသကြီးအတွင်း ယမန် နှစ် ရေကြီးနစ်မြှပ်မှုအတွေ့အကြုံများ၊ ယခုနှစ်ကြိုတင်ဆောင်ရွက်နေမှုများ၊ ပြည်ထောင်စုအစိုးရနှင့် တိုင်းဒေသကြီး အစိုးရတို့ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး၊ တုန့်ပြန်ရေး၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများနှင့်စပ်လျဉ်း၍ ပူးပေါင်းဆောင်ရွက် ရန်ကိစ္စရပ်များကို ဆွေးနွေးညှိနှိုင်းပါသည်။ ယင်းနောက် မိုးရာသီတွင် ပုသိမ်ကြီးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ အန္တရာယ်ကင်းရှင်းစွာဖြင့် သွားလာနိုင်ရန်နှင့် တိုင်းဒေသကြီး သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုလုပ်ငန်းများတွင် အသုံးပြုရန်အတွက် … Read more
-
ကယ်ဆယ်ရေးပစ္စည်းနှင့် ထောက်ပံ့ငွေပေးအပ်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မိုးကောင်းမြို့၊ နန့်ရင့်ရပ်ကွက်၌ (၇-၇-၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ဘေးသင့်ခဲ့သော နေအိမ်အတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး ၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂၀၀,၀၀၀) ကျပ်နှင့် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၆,၃၀၀) ကျပ်၊ စုစုပေါင်း (၂၀၆,၃၀၀) ကျပ်တို့အား နန့်ရင်းရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်အတူ (၁၅-၇-၂၀၁၇) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မိုးညှင်းခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ သဘာဘေးအန္တရာယ်လျော့ချရေးဆိုင်ရာ လူငယ်စေတနာ့၀န်ထမ်းများအတွက် ရပ်ရွာအတွင်း ကြိုတင်သတိပေးချက်ဖြန့်ဝေခြင်းနှင့် ကြိုတင်ပြင်ဆင်ရေးလုပ်ဆောင် ချက်များ သဏ္ဍာန်တူလေ့ကျင့်ပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးရှိတာဝန်ရှိသူများနှင့် UN Volunteer တို့ပူးပေါင်း၍ ဘေးအန္တရာယ်လျော့ချရေးဆိုင်ရာ စေတနာ့၀န်ထမ်း လူငယ်ကွန်ယက်စီမံချက်မှ ရွေးချယ်ခန့်အပ်ထားသော ဘေးအန္တရာယ်လျော့ချရေးဆိုင်ရာ စေတနာ့၀န်ထမ်းလူငယ်များအတွက် “ရပ်ရွာအတွင်း ကြိုတင်သတိပေးချက်ဖြန့်ဝေခြင်းနှင့် ကြိုတင်ပြင်ဆင်ရေးလုပ်ဆောင်ချက်များ သဏ္ဍာန်တူလေ့ကျင့်မှုသင်တန်း” အား ဧရာ၀တီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ အမှတ်(၉)ရပ်ကွက်၌ကျင်းပပြုလုပ်ခဲ့ပြီး (၁၄-၇-၂၀၁၇)ရက်နေ့တွင် စေတနာ့၀န်ထမ်းလူငယ်များ၊ ရပ်ကွက်သဘာ၀ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့၀င်များ၊ အမှတ်(၉)ရပ်ကွက်မှ ရပ်ကွက်သူ/ရပ်ကွက်သားများ စုစုပေါင်း အင်အား (၁၅၀)ဦး ဖြင့် သဘာ၀ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့၏ လုပ်ငန်းတာ၀န်များရှင်းလင်းပြောကြားခြင်း၊ ကြိုတင်သတိပေးစနစ်ဖြန့်ဝေခြင်း၊ ရေဘေးအန္တရာယ်ကြိုတင်ပြင်ဆင်ရေးနှင့် ရေဘေးသဏ္ဍာန်တူလေ့ကျင့်ခန်းအား ဆောင်ရွက်ခဲ့ပါကြောင်းနှင့် တက်ရောက်လာသူများအား အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပါကြောင်း … Read more
-
ကယားပြည်နယ်ဦးစီးမှူးရုံးမှ သဘာဝဘေးအသိပညာဟောပြောပို့ချမှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးရှိတာဝန်ရှိသူများသည် (၁၃-၇-၂၀၁၇)နေ့ ဒီးမော့ဆိုမြို့နယ်၊ အထက(ဒေါငံခါး)တွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပို့ချခဲ့ရာ အဆိုပါဟောပြောပွဲသို့ ကျောင်းသား/သူ (၃၈၀)ဦးတက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။
-
မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးရေးရာကော်မတီအစည်းအဝေး (၁/၂၀၁၇) ကျင်းပပြုလုပ်ခြင်း
(၁၄-၇-၂၀၁၇)၊ နေပြည်တော် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးရေးရာကော်မတီအစည်းအဝေး (၁/၂၀၁၇) ကို ယနေ့နံနက်ပိုင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ရာ မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးရေးရာကော်မတီဥက္ကဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ် ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တက်ရောက်အမှာစကားပြောကြားပါသည်။ ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးရေးရာ ကော်မတီသည် နိုင်ငံတော် အဆင့် လုပ်ငန်းယန္တရားတစ်ရပ်ဖြစ်ပြီး အမျိုးသမီးများအား နည်းမျိုးစုံဖြင့်ခွဲခြားမှု ပပျောက်ရေး ဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်းနှင့် လုပ်ငန်းအစီအစဉ်များကို နိုင်ငံတော်ကိုယ်စား အဓိကတာဝန်ယူ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ အမျိုးသမီးများအားနည်းမျိုးစုံဖြင့် ခွဲခြားမှုပပျောက်ရေးဆိုင်ရာ ကုလသမဂ္ဂသဘောတူစာချုပ်နှင့် ကမ္ဘာ့အမျိုးသမီးညီလာခံ (ဘေးဂျင်း၁၉၉၅) … Read more
-
ပြည်ထောင်စုနယ်မြေဦးစီးမှူးရုံးမှ သဘာဝဘေးအသိပညာဟောပြေပို့ချမှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေဦးစီးမှူးရုံး၊နေပြည်တော်မှတာဝန်ရှိသူများသည် လယ်ဝေးမြို့နယ်၊ ပတ်တာ အ.ထ.က ခွဲ ကျောင်းသို့သွားရောက်၍ ကျောင်းသား/သူ (၃၅၀) ဦးတို့အား သဘာဝဘေးလျော့ပါးရေး ဆောင်ရန်/ရှောင်ရန်အချက်များအား ဟောပြောခဲ့ကြောင်း၊ မိုးကြိုးဘေး၊ မီးဘေး၊ ငလျင်ဘေးတို့ကြုံတွေ့ရပါကမည်သို့ တုံ့ပြန်ရမည်များကို သရုပ်ပြရှင်းလင်း၍ လက်တွေ့လုပ်ဆောင်သရုပ်ပြခဲ့ရာ ကျောင်းသား/သူများစိတ်ပါဝင်စားစွာ တက်ရောက်နားထောင်ခဲ့ကြပြီး ဗလာစာအုပ်၊ ဘောလ်ပင်၊ လက်ကမ်းစာစောင်၊ ဗွီနိုင်းပိုစတာများဖြန့်ဝေခဲ့ကြကြောင်းသတင်းရရှိပါသည်။
-
ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ မြစ်ရေတိုက်စားမှုကြောင့် ပြောင်းရွှေ့ပြည်သူများထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၇-၇-၂၀၁၇) ရက်နေ့တွင် ချင်းတွင်းမြစ်ရေတိုက်စားမှုကြောင့် ပခုက္ကူမြို့နယ်၊ ကျွန်းညိုကြီးကျေးရွာအုပ်စု၊ ကျွန်းညိုရွာသစ်ကျေးရွာ၌ မြစ်ရေတိုက်စားမှုကြောင့် ပြောင်းရွှေ့ အိမ်ထောင်စု (၁) စု၊ လူဦးရေ(၄) ဦးအတွက် အိမ်ထောင်စု (၁) စုစာ၊ ကယ်ဆယ်ရေးပစ္စည်း (၉)မျိုး အိမ်ဆောက်ပစ္စည်းတန်ဖိုး (၁၀၀,၀၀၀)နှင့် ဆန်ရိက္ခာဖိုးတန်ဖိုး (၄,၂၀၀)၊ စုစုပါင်းတန်ဖိုးငွေကျပ် (၁၀၄,၂၀၀) တို့အား (၁၄-၇-၂၀၁၇) ရက်နေ့တွင် သွားရောက်ထောက်ပံ့ခဲ့ကြောင်းသတင်းရရှိပါသည်။









