ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများနှင့် လူသရမ်ဝေါလ်ဖက်ဒရေးရှင်း-မြန်မာ(LWF)တို့ပူးပေါင်းလျက် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအခြေခံ(ဆင့်ပွား) သင်တန်းကို ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်းရှ ိကျေးရွာ (၁၂)ရွာမှ တစ်ရွာလျှင် (၂)ဦးနှုန်းဖြင့် စုစုပေါင်း သင်တန်းသား/သူ (၂၄)ဦး အား (၁၃.၇.၂၀၁၇)ရက်နေ့မှ(၁၄.၇.၂၀၁၇)နေ့အထိ (၂)ရက် ကြာ သင်တန်းဖွင့်လှစ်ခဲ့ပြီး အသိပညာပေးလက်ကမ်းစာစောင်များ လည်းဖြန့်ဝေပေးခဲ့ပါသည်။ ၄င်းနောက်ပြည်နယ်ဦးစီးမှူးမှ မီးဘေး/ ရေဘေး/ မုန်တိုင်းဘေး/ ငလျင်ဘေးများနှင့်စပ်လျဉ်း၍ ကြိုတင်ကာကွယ်ရေးဆိုင်ရာ ဆောင်ရန်/ရှောင်ရန် ဗီနိုင်းပိုစတာများကို ကြာအင်းဆိပ်ကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူးထံသို့လွှဲပြောင်းပေးအပ်ခဲ့ကြောင်းသတင်းရရှိပါသည်။