ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ သဘာဘေးအန္တရာယ်လျော့ချရေးဆိုင်ရာ လူငယ်စေတနာ့၀န်ထမ်းများအတွက် ရပ်ရွာအတွင်း ကြိုတင်သတိပေးချက်ဖြန့်‌ဝေခြင်းနှင့် ကြိုတင်ပြင်ဆင်ရေးလုပ်ဆောင် ချက်များ သဏ္ဍာန်တူလေ့ကျင့်ပြုလုပ်မှုသတင်း

15 pic-01 15 pic-03

ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးရှိတာဝန်ရှိသူများနှင့် UN Volunteer တို့ပူးပေါင်း၍ ဘေးအန္တရာယ်လျော့ချရေးဆိုင်ရာ စေတနာ့၀န်ထမ်း လူငယ်ကွန်ယက်စီမံချက်မှ ရွေးချယ်ခန့်အပ်ထားသော ဘေးအန္တရာယ်လျော့ချရေးဆိုင်ရာ စေတနာ့၀န်ထမ်းလူငယ်များအတွက် “ရပ်ရွာအတွင်း ကြိုတင်သတိပေးချက်ဖြန့်‌ဝေခြင်းနှင့် ကြိုတင်ပြင်ဆင်ရေးလုပ်ဆောင်ချက်များ သဏ္ဍာန်တူလေ့ကျင့်မှုသင်တန်း” အား ဧရာ၀တီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ အမှတ်(၉)ရပ်ကွက်၌ကျင်းပပြုလုပ်ခဲ့ပြီး (၁၄-၇-၂၀၁၇)ရက်နေ့တွင်  စေတနာ့၀န်ထမ်းလူငယ်များ၊ ရပ်ကွက်သဘာ၀ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့၀င်များ၊ အမှတ်(၉)ရပ်ကွက်မှ ရပ်ကွက်သူ/ရပ်ကွက်သားများ စုစုပေါင်း အင်အား (၁၅၀)ဦး ဖြင့် သဘာ၀ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့၏ လုပ်ငန်းတာ၀န်များရှင်းလင်း‌ပြောကြားခြင်း၊ ကြိုတင်သတိပေးစနစ်ဖြန့်ဝေခြင်း၊ ရေဘေးအန္တရာယ်ကြိုတင်ပြင်ဆင်ရေးနှင့် ရေဘေးသဏ္ဍာန်တူလေ့ကျင့်ခန်းအား ဆောင်ရွက်ခဲ့ပါကြောင်းနှင့် တက်ရောက်လာသူများအား အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်‌ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။

Sign Up

Upcoming Events