– ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်ရေး အကောင်အထည်ဖော်ရေး ဗဟို ကော်မတီ၏လုပ်ငန်းများကို အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရန်အတွက် ဖွဲ့စည်းပေးထားသော လုပ်ငန်းကော်မတီများအနက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ဦးဆောင်သောဒေသတွင်း ပြန်လည်နေရာချထားရေးနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကော်မတီသည် ကယ်ဆယ်ရေးစခန်းများရှိ ကမန်တိုင်းရင်း သားများ၏ အရေးကိစ္စများကိုလည်း အလေးထား ဆောင်ရွက် လျက်ရှိပါသည်။
– ထိုသို့ဆောင်ရွက်လျက်ရှိရာရမ်းဗြဲမြို့၊ အမှတ် (၆) ရပ်ကွက်၊ တန်းရွာ IDP စခန်းတွင် နေထိုင် လျက်ရှိရာမှ၂၀၁ရခုနှစ်၊ ဧပြီ၊ မေနှင့်ဇွန်လများအတွင်း မိမိတို့၏သဘောဆန္ဒအလျောက် တရားဝင်တင်ပြ၍ ရန်ကုန်မြို့နှင့် သံတွဲမြို့များသို့ မြေယာစွန့်လွှတ် ပြောင်းရွှေ့သွားသော ကမန်တိုင်းရင်းသားမိသားစုများ အဆင်ပြေစွာပြောင်းရွှေ့နိုင်ရေးနှင့် ပြောင်းရွှေ့မည့်ဒေသတွင် အခြေချ နေထိုင်နိုင်ရေးအတွက် အိမ်ထောင်စု (၁) စုလျှင်ကျပ် (၅) သိန်း၊ မိသားစုဝင်(၁) ဦးလျှင် ကျပ် (၁) သိန်းနှုန်းအပါအဝင် ပြောင်းရွှေ့ရာတွင် ကုန်ကျငွေ စုစုပေါင်းကျပ် (၄၅၂.၇၅) သိန်းကို ထောက်ပံ့ပေးခဲ့ပါသည်။
– ထို့အပြင် အဆိုပါပြောင်းရွှေ့မိသားစုများ၏ ၂၀၁၂ ခုနှစ်၊ ပဋိပက္ခဖြစ်စဉ်များအတွင်း ပျက်စီးဆုံးရှုံးခဲ့ရသည့် နေအိမ်နှင့် မြေလျော်ကြေးများ အားသင့်တင့်သော နှုန်းထားများဖြင့် ထောက်ပံ့နိုင်ရေးအတွက် ရခိုင်ပြည်နယ်အစိုးရအဖွဲ့နှင့် ပေါင်းစပ်ညှိနှိုင်း၍ မြေယာစွန့်လွှတ်ပြောင်း ရွှေ့နေအိမ် (၄၅) လုံးအတွက် မြေတန်ဘိုးကျပ်(၁၀)သိန်းစီဖြင့် ကျပ်(၄၅၀)သိန်း၊ အိမ်အမျိုး အစားအလိုက် အိမ် (၄၅) လုံးအတွက် ကျပ်(၃၄၅)သိန်း၊ စုစုပေါင်းမြေနှင့် အိမ်တန်ဖိုး လျော်ကြေးငွေထောက်ပံ့မှုကျပ် (၇၉၅) သိန်းကို (၁၁-၇-၂၀၁၇) နှင့် (၁၂-၇-၂၀၁၇) နေ့များတွင် ရန်ကုန်မြို့၌ ကမန်တိုင်းရင်းသားမိသားစုများနှင့် တွေ့ဆုံထောက်ပံ့ပေးခဲ့ပါသည်။
– IDP စခန်းတွင် ကျန်ရှိနေသေးသော ကမန်အိမ်ထောင်စုများ ရမ်းဗြဲမြို့အတွင်း အဆင်ပြေစွာ နေထိုင်နိုင်ရေးအတွက်လည်း နယ်စပ်ရေးရာဝန်ကြီးဌာနမှ လုံးချင်းအိမ်များ ဆောက်လုပ် ပေးလျက်ရှိပြီးပညာရေး၊ ကျန်းမာရေး၊ အလုပ်အကိုင်အခွင့်အလမ်း ရရှိရေးများနှင့်ပတ်သက် ၍လည်း စီမံဆောင်ရွက်ပေးလျက်ရှိကြောင်းသတင်းရရှိပါသည်။