ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ မြစ်ရေတိုက်စားမှုကြောင့် ပြောင်းရွှေ့ပြည်သူများထောက်ပံ့မှုသတင်း

ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၇-၇-၂၀၁၇) ရက်နေ့တွင် ချင်းတွင်းမြစ်ရေတိုက်စားမှုကြောင့် ပခုက္ကူမြို့နယ်၊ ကျွန်းညိုကြီးကျေးရွာအုပ်စု၊ ကျွန်းညိုရွာသစ်ကျေးရွာ၌ မြစ်ရေတိုက်စားမှုကြောင့် ပြောင်းရွှေ့ အိမ်ထောင်စု (၁) စု၊  လူဦးရေ(၄) ဦးအတွက် အိမ်ထောင်စု (၁) စုစာ၊ ကယ်ဆယ်ရေးပစ္စည်း (၉)မျိုး အိမ်ဆောက်ပစ္စည်းတန်ဖိုး (၁၀၀,၀၀၀)နှင့် ဆန်ရိက္ခာဖိုးတန်ဖိုး (၄,၂၀၀)၊ စုစုပါင်းတန်ဖိုးငွေကျပ် (၁၀၄,၂၀၀) တို့အား (၁၄-၇-၂၀၁၇) ရက်နေ့တွင် သွားရောက်ထောက်ပံ့ခဲ့ကြောင်းသတင်းရရှိပါသည်။

Sign Up

Upcoming Events