Category Archives: News
-
သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍ ဖြစ်စဉ်များကိုလေ့လာသုံးသပ်ပြီး ရေရှည်အတွက် ကြိုတင်ပြုပြင် ပြင်ဆင်မှုများ ဆောင်ရွက်ရေး ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး ဆွေးနွေး
(၂၇-၇-၂၀၁၇)၊ မကွေးတိုင်းဒေသကြီး ၂၀၁၇ ခုနှစ်၊ ဇူလိုင်လအတွင်း မိုးသည်းထန်စွာရွာသွန်းခြင်း၊ မြစ်ရေမြင့်တက်ခြင်းတို့ကြောင့် တိုင်း/ဒေသကြီးပြည်နယ်အချို့တွင် ရေကြီးနစ်မြှပ်မှုများ ဖြစ်ပေါ်လျက်ရှိရာ အမျိုးသားသဘာဝဘေးဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ၏ ကြီးကြပ်မှုဖြင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ကယ်ဆယ်ရေး၊ ထောက်ပံ့ကူညီရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါသည်။ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ ဒုတိယဥက္ကဌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးသည် (၂၇-၇-၂၀၁၇) ရက်နေ့၊ နံနက်ပိုင်းတွင် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ တိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုနှင့် တွေ့ဆုံ၍ လက်တလောဖြစ်ပွားနေသည့် ရေဘေးသင့်ပြည်သူများအား ချက်ချင်းကူညီထောက်ပံ့မှုပြုရေးနှင့် ရေရှည်အတွက် ကြိုတင်ကာကွယ်ရေးအစီအမံများကို … Read more
-
ဧရာဝတီမြစ်ကမ်းပါးပြိုကျမှုဖြစ်ပွားခဲ့သည့် မကွေးတိုင်း ဒေသကြီး၊ မင်းဘူးမြို့နယ်၊ ရွာသာရွာကျေးရွာ၌ မြစ်ကမ်းပါးပြိုကျမှုအခြေအနေကို သိရှိနိုင်ရန် မောင်းသူမဲ့လေယာဉ် (UAV) များ အသုံးပြု၍ ရိုက်ကူးနေမှုများအား သွားရောက် စစ်ဆေးကြည့်ရှုလေ့လာခြင်း
၁။ ၂၀၁၇ ခုနှစ်၊ ဇူလိုင်လ (၂၇) ရက်နေ့၊ နံနက်ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် တာဝန်ရှိသူများလိုက်ပါလျက် ဧရာဝတီမြစ်ကမ်းပါးပြိုကျမှုဖြစ်ပွားခဲ့သည့် မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့နယ်၊ ရွာသာရွာကျေးရွာ၌ မြစ်ကမ်းပါးပြိုကျမှုအခြေအနေကို သိရှိနိုင်ရန် မောင်းသူမဲ့လေယာဉ် (UAV) များ အသုံးပြု၍ ရိုက်ကူးနေမှုများကို သွားရောက် ကြည့်ရှု လမ်းညွှန်ခဲ့ပါသည်။ ၂။ မောင်းသူမဲ့လေယာဉ် (UAV) များ အသုံးပြု၍ ကောင်းကင်ဓာတ်ပုံရိုက်ကူးခြင်းနှင့် မြေပုံထုတ်လုပ်တိုင်းတာခြင်းလုပ်ငန်းများကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထား ရေးဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် … Read more
-
အမ်းမြို့နယ်အတွင်း ရေကြီးရေလျှံမှုကြောင့် ရေဖြင့်မျောပါပျက်စီးခဲ့သော ဘေးသင့်ပြည်သူများနှင့် ဘေးလွတ်ရာသို့ ရွှေ့ပြောင်းခဲ့ကြသော ပြည်သူများအတွက် ထောက်ပံ့မှုများ လွှဲပြောင်းပေးအပ်မှုသတင်း
အမ်းမြို့နယ်အတွင်း ဖြစ်ပွားခဲ့သော ရေကြီးရေလျှံမှုကြောင့် ရေဖြင့်မျောပါပျက်စီးခဲ့သော အိမ်ခြေ (၁၇) အိမ်အတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၇၀၀၀၀၀) ကျပ်၊ ဘေးသင့်လူဦးရေ (၇၃) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၁၅၃၃၀၀) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး (၁၇) အိမ်ထောင်စာတို့ကိုလည်းကောင်း၊ ဘေးလွတ်ရာသို့ရွှေ့ပြောင်းခဲ့သော အိမ်ထောင်စု (၁၅၉) စုမှ လူဦးရေ (၆၆၂) ဦးအတွက် ဆန်ရိက္ခာဖိ်ုးငွေ (၁၃၉၀၂၀၀) ကျပ်တို့ကိုလည်းကောင်း (၂၇-၇-၂၀၁၇) ရက်နေ့တွင် ကျောက်ဖြူခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် အမ်းမြို့နယ်အထေါထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ လွှဲပြောင်းပေးခဲ့ကြောင်း သိရှိရပါသည်။ … Read more
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲများကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေ ရာချထားရေးဦးစီးဌာန၊ ချင်းပြည်နယ်ဦးစီးမှူးရုံး၊ ပြည်နယ်ဦးစီးမှူး ဦးမြင့်အောင်နှင့်အတူ ဒုတိယဦးစီးမှူး ဦးရမ်ချွမ်းမန်တို့သည် (၂၆-၇-၂၀၁၇)နေ့ ဟားခါးမြို့ ပြည်နယ်စည်ပင်သာယာရေး အဖွဲ့ရုံး အစည်းဝေးခန်းမတွင် ဖွင့်လှစ်လျက်ရှိသော အခြေခံစာရေးသင်တန်းအမှတ်စဉ်(၁/၂၀၁၇)တွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပို့ချခဲ့ပြီး လက်ကမ်းစာစောင် (၆)မျိုး ရေဘေး/မိုးကြိုးဘေး/မီးဘေး/မုန်တိုင်းဘေး/မိုးခေါင်ရေရှားဘေး/မြေပြိုဘေး တို့အား သင်တန်းသား/ သူ စုစုပေါင်း (၃၄)ဦးတို့အား ဖြန့်ဝေခဲ့ဖြန့်ဝေခဲ့ကြောင်းသတင်းရရှိပါသည်။Source: ချင်းပြည်နယ်ဦးစီးမှူးရုံး (ကဆရ)
-
သထုံမြို့နယ်၊ ထောင်မှူးကျေးရွာ၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၇-၇-၂၀၁၇) ရက်နေ့တွင် သထုံမြို့နယ်၊ ထောင်မှူးကျေးရွာ၌ ကျေးရွာနေ ပြည်သူလူထု (၂၀၀) ဦးခန့်အား သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ပြီး အဆိုပါဟောပြောပွဲတွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာများ၊ မီးဘေးအန္တရာယ်များ၊ မိုးရာသီကာလဖြစ်၍ မုန်တိုင်းဘေးအန္တရာယ်၊ ရေကြီးခြင်းဘေးအန္တရာယ်နှင့် မိုးကြိုးဘေးနှင့်ပတ်သက်၍ ပြည်သူများသို့ အသိပညာပေးဟောပြောခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။ Source: သထုံခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
ကယ်ဆယ်ရေးပစ္စည်းနှင့် ထောက်ပံ့ငွေပေးအပ်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မြေက်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြောက်ဦးမြို့နယ်၊ စက်သားကျေးရွာ၌ ရုတ်တရက်လေပြင်းတိုက်ခတ်မှုကြောင့် တစ်စိတ်တစ်ပိုင်းပျက်စီးနေအိမ် (၁၆) လုံး၊ အိမ်ထောင်စု (၁၆) စုစာအတွက် ကယ်ဆယ်ရေးပစ္စည်း (၆) မျိုးအား (၂၅-၇-၂၀၁၇) ရက်နေ့တွင် ထောက်ပံ့ပေးအပ်ခဲ့ပြီး ထပ်မံ၍ အဆိုပါ အိမ်ထောင်စု (၁၆) စုအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၃၂၀,၀၀၀)ကျပ်နှင့် လူဦးရေ (၅၄) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၁၁၃,၄၀၀) ကျပ်တို့အား (၂၆-၇-၂၀၁၇) ရက်နေ့တွင် ဆက်လက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မြေက်ဦးခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
ရေဘေးရှောင်ပြည်သူများအတွက် ဆန်ရိက္ခာဖိုးရန်ပုံငွေထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဧရာဝတီ တိုင်းဒေသကြီးဦးစီးမှူး ဦးသန်းစိုး(ညွှန်ကြားရေးမှူး) နှင့် တာဝန်ရှိသူများ သည် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်အတွင်း မြစ်ရေကြီးမြင့်မှုကြောင့် ကယ်ဆယ်ရေးစခန်းများသို့ ကျေးရွာအုပ်စု (၄) စု၊ ကျေးရွာ (၅) ရွာမှ အိမ်ခြေ (၁၁၈) လုံး၊ အိမ်ထောင်စု (၁၂၀) စုမှ လူဦးရေ (၄၉၃) ဦး ပြောင်းရွှေ့နေထိုင်ခဲ့ရာ ရေဘေးရှောင်ပြည်သူများအတွက် ဆန်ရိက္ခာ (၇) ရက်စာရန်ပုံ ငွေ (၁၀၃၅၃၀၀/-) ကျပ်အား သာပေါင်းမြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဌနှင့် … Read more
-
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး အား Open Society Foundations နှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံအမတ်ကြီးတို့က သီးခြားစီလာရောက်တွေ့ဆုံမှုသတင်း
(၂၆-၇-၂၀၁၇)၊ နေပြည်တော် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး အား (၂၆-၇-၂၀၁၇) ရက်နေ့၊ မွန်းလွဲပိုင်းတွင် Open Society Foundations မှ အာရှ-ပစိဖိတ်ဒေသ ညွှန်ကြားရေးမှူး၊ Ms. Binaifer Nowrojee ဦးဆောင်သောအဖွဲ့က လာရောက်တွေ့ဆုံ၍ ၄င်းတို့အနေဖြင့် လွန်ခဲ့သောနှစ်ပေါင်း ၂၅ နှစ်ခန့်ကပင် မြန်မာနိုင်ငံအား ပြည်ပမှ ကူညီ ထောက်ပံ့ပေးခဲ့ပါကြောင်း၊ ၂၀၁၆ ခုနှစ်တွင် ပြည်တွင်းသို့ ဝင်ရောက်၍ နိုင်ငံတကာအဖွဲ့အစည်းအဖြစ် မှတ်ပုံတင်ပြီး ပညာရေးဆိုင်ရာ ထောက်ပံ့ကူညီမှုများ ဆောင်ရွက်နေပြီး … Read more
-
ကယ်ဆယ်ရေးပစ္စည်းနှင့် ထောက်ပံ့ငွေပေးအပ်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဟင်္သာတခရိုင်၊ အင်္ဂပူမြို့နယ်၊ (၂၅-၇-၂၀၁၇) နေ့တွင် ဝက်သေအုပ်စု စက်စက်ယိုကျေးရွာ၌ လူနေအိမ် (၁) လုံး ရေနှူး၍ ပြိုကျခြင်းနှင့် ကံဘက်အုပ်စု သာယာကုန်းကျေးရွာတွင် ကမ်းပြိုမှုကြာင့် လူနေအိမ် (၁) လုံး ကြိုတင်ရွှေ့ပြောင်းခဲ့ရမှုများ ဖြစ်ပွားခဲ့ရာ အဆိုပါ ဘေးသင့်ခဲ့သော နေအိမ် (၂) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၄) မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂၀၀,၀၀၀) ကျပ်နှင့် လူဦးရေ (၉) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၁၈,၉၀၀) ကျပ်၊ စုစုပေါင်း … Read more









