အမ်းမြို့နယ်အတွင်း ရေကြီးရေလျှံမှုကြောင့် ရေဖြင့်မျောပါပျက်စီးခဲ့သော ဘေးသင့်ပြည်သူများနှင့် ဘေးလွတ်ရာသို့ ရွှေ့ပြောင်းခဲ့ကြသော ပြည်သူများအတွက် ထောက်ပံ့မှုများ လွှဲပြောင်းပေးအပ်မှုသတင်း

27_pic01
အမ်းမြို့နယ်အတွင်း ဖြစ်ပွားခဲ့သော ရေကြီးရေလျှံမှုကြောင့် ရေဖြင့်မျောပါပျက်စီးခဲ့သော အိမ်ခြေ (၁၇) အိမ်အတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၇၀၀၀၀၀) ကျပ်၊ ဘေးသင့်လူဦးရေ (၇၃) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၁၅၃၃၀၀) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး (၁၇) အိမ်ထောင်စာတို့ကိုလည်းကောင်း၊

ဘေးလွတ်ရာသို့ရွှေ့ပြောင်းခဲ့သော အိမ်ထောင်စု (၁၅၉) စုမှ လူဦးရေ (၆၆၂) ဦးအတွက် ဆန်ရိက္ခာဖိ်ုးငွေ (၁၃၉၀၂၀၀) ကျပ်တို့ကိုလည်းကောင်း (၂၇-၇-၂၀၁၇) ရက်နေ့တွင် ကျောက်ဖြူခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် အမ်းမြို့နယ်အထေါထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ လွှဲပြောင်းပေးခဲ့ကြောင်း သိရှိရပါသည်။

Source: ကျောက်ဖြူခရိုင်ဦးစီးမှူးရုံး (ကဆရ)

Sign Up

Upcoming Events