ဧရာဝတီမြစ်ကမ်းပါးပြိုကျမှုဖြစ်ပွားခဲ့သည့် မကွေးတိုင်း ဒေသကြီး၊ မင်းဘူးမြို့နယ်၊ ရွာသာရွာကျေးရွာ၌ မြစ်ကမ်းပါးပြိုကျမှုအခြေအနေကို သိရှိနိုင်ရန် မောင်းသူမဲ့လေယာဉ် (UAV) များ အသုံးပြု၍ ရိုက်ကူးနေမှုများအား သွားရောက် စစ်ဆေးကြည့်ရှုလေ့လာခြင်း

27_Pic-01 27_Pic-02 27_Pic-03 27_Pic-04 27_Pic-05 27_Pic-06

၁။         ၂၀၁၇ ခုနှစ်၊ ဇူလိုင်လ (၂၇) ရက်နေ့၊ နံနက်ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် တာဝန်ရှိသူများလိုက်ပါလျက် ဧရာဝတီမြစ်ကမ်းပါးပြိုကျမှုဖြစ်ပွားခဲ့သည့် မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့နယ်၊ ရွာသာရွာကျေးရွာ၌ မြစ်ကမ်းပါးပြိုကျမှုအခြေအနေကို သိရှိနိုင်ရန် မောင်းသူမဲ့လေယာဉ် (UAV) များ အသုံးပြု၍ ရိုက်ကူးနေမှုများကို သွားရောက် ကြည့်ရှု လမ်းညွှန်ခဲ့ပါသည်။

၂။         မောင်းသူမဲ့လေယာဉ် (UAV) များ အသုံးပြု၍ ကောင်းကင်ဓာတ်ပုံရိုက်ကူးခြင်းနှင့် မြေပုံထုတ်လုပ်တိုင်းတာခြင်းလုပ်ငန်းများကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထား ရေးဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မြန်မာနိုင်ငံလေကေြာင်း နှင့် အာကာသပညာတက္ကသိုလ် (မိတ္ထီလာ) နှင့် ကုလသမဂ္ဂ စိုက်ပျိုးရေးနှင့် မွေးမြူရေးအဖွဲ့ (FAO) တို့ ပူးပေါင်းကာ ဆောင်ရွက်နေခြင်းဖြစ်ပါသည်။

၃။         အဆိုပါအဖွဲ့သည် လတ်တလော ရေကြီးမှုဖြစ်ပွားနေသည့်ဒေသများ၏ နောက်ဆုံးအခြေအနေများကို (UAV) များ အသုံးပြု၍ ကောင်းကင်ဓာတ်ပုံ မှတ်တမ်းတင် ရိုက်ကူးခြင်းနှင့် မြေပုံ ထုတ်လုပ်ခြင်းလုပ်ငန်းများကို ဆောင်ရွက်သွားနိုင်ရန် စီစဉ်လျက်ရှိပြီး ကနဦးစမ်းသပ် ဆောင်ရွက်မှုအဖြစ် မကွေးတိုင်း ဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ်နှင့် ရေစကြိုမြို့နယ် များတွင် စတင်ဆောင်ရွက်သွားမည်ဖြစ်သည့်အပြင် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် မကွေးတိုင်းဒေသကြီး၊ စကုမြို့နယ်အတွင်း၌လည်း ကောင်းကင်ဓာတ်ပုံများ ရိုက်ကူးခြင်းလုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

Source : MSWRR

Sign Up

Upcoming Events