ကယ်ဆယ်ရေးပစ္စည်းနှင့် ထောက်ပံ့ငွေပေးအပ်မှုသတင်း

ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဟင်္သာတခရိုင်၊ အင်္ဂပူမြို့နယ်၊ (၂၅-၇-၂၀၁၇) နေ့တွင် ဝက်သေအုပ်စု စက်စက်ယိုကျေးရွာ၌ လူနေအိမ် (၁) လုံး ရေနှူး၍ ပြိုကျခြင်းနှင့် ကံဘက်အုပ်စု သာယာကုန်းကျေးရွာတွင် ကမ်းပြိုမှုကြာင့် လူနေအိမ် (၁) လုံး ကြိုတင်ရွှေ့ပြောင်းခဲ့ရမှုများ ဖြစ်ပွားခဲ့ရာ အဆိုပါ ဘေးသင့်ခဲ့သော နေအိမ် (၂) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၄) မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂၀၀,၀၀၀) ကျပ်နှင့် လူဦးရေ (၉) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၁၈,၉၀၀) ကျပ်၊ စုစုပေါင်း (၂၁၈,၉၀၀) ကျပ်အား (၂၆-၇-၂၀၁၇) ရက်နေ့တွင် ဘေးသင့်ပြည်သူများ လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

Source:             ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ကဆရ)

Sign Up

Upcoming Events