လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး အား Open Society Foundations နှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံအမတ်ကြီးတို့က သီးခြားစီလာရောက်တွေ့ဆုံမှုသတင်း

27_pic01 27_pic02
(၂၆-၇-၂၀၁၇)၊ နေပြည်တော်

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး အား (၂၆-၇-၂၀၁၇) ရက်နေ့၊ မွန်းလွဲပိုင်းတွင် Open Society Foundations မှ အာရှ-ပစိဖိတ်ဒေသ ညွှန်ကြားရေးမှူး၊ Ms. Binaifer Nowrojee ဦးဆောင်သောအဖွဲ့က လာရောက်တွေ့ဆုံ၍ ၄င်းတို့အနေဖြင့် လွန်ခဲ့သောနှစ်ပေါင်း ၂၅ နှစ်ခန့်ကပင် မြန်မာနိုင်ငံအား ပြည်ပမှ ကူညီ ထောက်ပံ့ပေးခဲ့ပါကြောင်း၊ ၂၀၁၆ ခုနှစ်တွင် ပြည်တွင်းသို့ ဝင်ရောက်၍ နိုင်ငံတကာအဖွဲ့အစည်းအဖြစ် မှတ်ပုံတင်ပြီး ပညာရေးဆိုင်ရာ ထောက်ပံ့ကူညီမှုများ ဆောင်ရွက်နေပြီး ဝန်ကြီးဌာနနှင့်ပူးပေါင်းဆောင်ရွက်နိုင်မည့်လုပ်ငန်းများ ရှေးဦးအရွယ် ကလေးသူငယ်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းနယ်ပယ်နှင့် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးအတွက်် ပူးပေါင်းဆောင်ရွက်မည့်အစီအစဉ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပါသည်။

ညနေပိုင်းတွင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတဆိုင်ရာသံအမတ်ကြီး H.E Mr. Hong Liang ကလာရောက်တွေ့ဆုံပြီး မြန်မာနိုင်ငံဒေသတချို့တွင် ဖြစ်ပွားနေသည့် ရေဘေးအတွက် စိတ်မကောင်းဖြစ်ရပါကြောင်းနှင့် ရခိုင်ပြည်နယ်အရေးကိစ္စနှင့်ပတ်သက်၍ တရုတ်နိုင်ငံ၏ရပ်တည်ချက်မှာ မြန်မာနိုင်ငံ၏ ရပ်တည်ချက်နှင့်အတူတူပင် ဖြစ်ပါကြောင်း၊ ရခိုင်ပြည်နယ်စီးပွားရေး ဖွံ့ဖြိုးတိုးတက်အောင်မည်သို့ကူညီနိုင်မည်ကို သိလိုပါကြောင်း၊ မြန်မာပြည်မြောက်ပိုင်းရှိ ပြည်သူများအတွက် ကူညီနိုင်ရေး ဝန်ကြီးဌာန၏ အကြံပြုချက်အား သိရှိလိုပါကြောင်းနှင့် လက်ရှိရေဘေးအတွက် လိုအပ်သည်များကူညီလိုပါကြောင်း ဆွေးနွေးပါသည်။ ပြည်ထောင်စုဝန်ကြီးမှလည်း တရုတ်နိုင်ငံတောင်ပိုင်းတွင်လည်း ရေဘေးကြုံတွေ့နေရခြင်းအတွက် စိတ်မကောင်းပါကြောင်း၊ ရေဘေးသင့်သူများအတွက် တရုတ်နိုင်ငံ ရှာဖွေကယ်ဆယ်ရေးအဖွဲ့များ၏ စွမး်စွမ်းတမံဆောင်ရွတ်ချက်များကို မိမိတို့ချီးကျူးပါကြောင်း၊ ရခိုင်ပြည်နယ်အရေးကိစ္စအတွက် မြန်မာနိုင်ငံ၏ ရပ်တည်ချက်နှင့် ထပ်တူရှိခြင်းကို ကျေးဇူးတင်ပါကြောင်း၊ ရခိုင်ပြည်နယ်တွင် လူမှှုအသိုက်အဝန်းနှစ်ခုလုံး ဖွံ့ဖြိုးတိုးတက်လာစေရေး အစိုးရက ကြိုးစားဆောင်ရွက်နေပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် ရခိိုင်ပြည်နယ်အစိုးရအဖွဲ့နှင့်ပူးပေါင်း၍ ဒေသခံများအလုပ်အကိုင်ရရှိရေးအတွက် အထည်ချုပ်စက်ရုံငယ် တစ်ရုံနှင့် ရိုးရာရက်ကန်းစင် လုပ်ငန်းများ ထူထောင်ပေးခဲ့ရာ လူ ၂၀၀ ခန့် အလုပ်အကိုင် ဖန်တီးပေးနိုင်ပါကြောင်း၊လူထောင်ချီ၍ အလုပ်အကိုင်ဖန်တီးပေးနိုင်မည့် အထည်ချုပ်စက်ရုံကြီး ထူထောင်ရန်ရှိပါကြောင်း၊ မြန်မာပြည်မြောက်ပိုင်း တိုက်ပွဲရှောင်ပြည်သူများ ကယ်ဆယ်ရေးစခန်းများတွင် နေထိုင်စဉ်လိုအပ်သော အသက်မွေးဝမ်းကြောင်းသင်တန်းများ စီစဉ်ပေးထားပါကြောင်း၊ ရေကြီးရေလျှံမှုဖြစ်စဉ်နှင့် ပတ်သက်၍ ပြည်နယ်/တိုင်းဒေသကြီး (၁၀) ခုတွင် ရေဘေးဖြစ်ပွားနေပြီး အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ ရန်ပုံငွေမှ စားနပ်ရိက္ခာများထောက်ပံ့သကဲ့သို့ စက်တပ်လှေ၊ အသက်ကယ်အကျႌစသည်များ ထောက်ပံ့ပါကြောင်း၊ ရေကြီးရေလျှံဖြစ်ပါက သောက်သုံးရေခက်ခဲသဖြင့် ရေသန့်စက်များလည်း လိုအပ်ပါကြောင်း၊ သဘာဝဘေးစီမံခန့်ခွဲမှုတွင် အရံသင့် တုံ့ပြန်နိုင်မှုနှင့် ဘေးဒဏ် ကြံ့ကြံ့ခံနိုင်မှုရှိအောင် ဦးစားပေးဆောင်ရွက်နေပါကြောင်း ရှင်းလင်းဆွေးနွေးခဲ့ရာ သံအမတ်ကြီးကလည်း တရုတ်နိုင်ငံအနေဖြင့် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ ရန်ပုံငွေသို့ အလှူငွေထည့်ဝင်မည်ဖြစ်ကြောင်း၊ မြန်မာပြည်မြောက်ပိုင်း ငြိမ်းချမ်းရေးနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးရေးအတွက်လည်း ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ စီးပွားရေးပူးပေါင်းဇုံတည်ထောင်ရန်သဘောတူခဲ့ကြောင်း၊ ၄င်းစီမံကိန်းသည် မြန်မာပြည်မြောက်ပိုင်း ငြိမ်းချမ်းရေးအတွက် အထောက်အကူပြုနိုင်မည့် စီးပွားရေးပူးပေါင်းဇုံ တည်ထောင်ရေးသဘောတူညီမှုအား အကောင်အထည်ဖေါ်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်းနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံက ဆက်လက်ကူညီပံ့ပိုးမည့်အစီအစဉ်များကို ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။

 

Sign Up

Upcoming Events