လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဧရာဝတီ တိုင်းဒေသကြီးဦးစီးမှူး ဦးသန်းစိုး(ညွှန်ကြားရေးမှူး) နှင့် တာဝန်ရှိသူများ သည် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်အတွင်း မြစ်ရေကြီးမြင့်မှုကြောင့် ကယ်ဆယ်ရေးစခန်းများသို့ ကျေးရွာအုပ်စု (၄) စု၊ ကျေးရွာ (၅) ရွာမှ အိမ်ခြေ (၁၁၈) လုံး၊ အိမ်ထောင်စု (၁၂၀) စုမှ လူဦးရေ (၄၉၃) ဦး ပြောင်းရွှေ့နေထိုင်ခဲ့ရာ ရေဘေးရှောင်ပြည်သူများအတွက် ဆန်ရိက္ခာ (၇) ရက်စာရန်ပုံ ငွေ (၁၀၃၅၃၀၀/-) ကျပ်အား သာပေါင်းမြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဌနှင့် ကော်မတီအဖွဲ့ဝင်များထံသို့ (၂၆-၇-၂၀၁၇) ရက်နေ့တွင် လွှဲပြောင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)