Category Archives: News
-
ပခုက္ကူခရိုင်အတွင်း ချင်းတွင်းမြစ်ရေတိုက်စားမှုကြောင့် ကမ်းပြိုမှုဖြစ်ပွားခဲ့သည့်ကျေးရွာများမှဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ချင်းတွင်းမြစ်ရေတိုက်စားမှုကြောင့်- ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်၊ ဗလဘကျေးရွာအုပ်စု၊ ဗလဘကျေးရွာ၌ (၂၃-၇-၂၀၁၇) ရက်နေ့တွင် ကမ်းပြိုမှုဖြစ်ပွားခဲ့ရာ ကမ်းပြိုဘေးသင့် အိမ်ခြေ (၄) လုံး၊ အိမ်ထောင်စု (၄) စု မှ လူဦးရေ (၁၈) ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာ (၃၇၈၀၀) ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး (၄) အိမ်ထောင်စာ၊ အိမ်ခြေ (၄) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၄၀၀၀၀၀) ကျပ် ထောက်ပံ့ငွေစုစုပေါင်း(၄၃၇၈၀၀) ကျပ်ကိုလည်းကောင်း၊ မိုးကွဲကျေးရွာအုပ်စု၊ … Read more
-
မန်တုံမြို့နယ်၊ မန်မောက်ကျေးရွာမှ ဒဏ်ရာရပြည်သူ (၂) ဦးအတွက် ထောက်ပံ့ငွေပေးအပ်မှုသတင်း
(၂၀-၇-၂၀၁၇) ရက်နေ့တွင် မန်တုံမြို့နယ်၊ မန်မောက်ကျေးရွာ၌ TNLA သကလတစ်ဖွဲ့လျှင် (၄၀) ဦးခန့်ပါ (၂)ဖွဲ့နှင့် မန်တုံအခြေစိုက် နဗဟ (၃) လက်အောက်ခံ (စမရ-၅၀၄)နှင့် ခလရ (၁၇) စစ်ကြောင်းများ ထိတွေ့မှုကြောင့် မန်မောက်ကျေးရွာမှ ဒေါ်အေးဟိန်း အသက် (၃၀) နှစ် (ဘ)ဦးပေါ်ဟိန်း ကျည်ဆံထိမှန်နှင့် ဒေါ်မယ်အိဂန် အသက် (၅၀) နှစ် (ဘ)ဦးထန်းမောင် လက်နက်ကြီးထိမှန်တို့ (၂) ဦးဒဏ်ရာရရှိခဲ့ပြီး လားရှိုးမြို့ ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှုခံယူလျှက်ရှိရာ အဆိုပါဒဏ်ရာရပြည်သူ (၂) ဦးအတွက် (၁) … Read more
-
ကျောက်တော်မြို့နယ်၊ နဂူမေကျေးရွာအုပ်စု၊ နဂူမေကုန်းတန်းကျေးရွာ လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ငွေများ လွှဲပြောင်းပေးအပ်မှုသတင်း
(၂၄-၇-၂၀၁၇) ရက်နေ့တွင် ကျောက်တော်မြို့နယ်၊ နဂူမေကျေးရွာအုပ်စု၊ နဂူမေကုန်းတန်းကျေးရွာ၌ ဖြစ်ပွားခဲ့သော လေဘေးကြောင့် လုံးဝပျက်စီးခဲ့သည့် လူနေအိမ် (၁၈) လုံးမှှ အိမ်ထောင်စု (၁၈) စုစာအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး (၁၈) အိမ်ထောင်စာနှင့် တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့သည့် လူနေအိမ် (၁၈) လုံးမှ အိမ်ထောင်စု (၁၈) စုစာအတွက် ကယ်ဆယ်ရေးပစ္စည်း (၆) မျိုး (၁၈) အိမ်ထောင်စာတို့အား မြောက်ဦးခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် (၂၅-၇-၂၀၁၇) ရက်နေ့တွင် ထောက်ပံ့ပေးအပ်ခဲ့ပြီး (၂၈-၇-၂၀၁၇) ရက်နေ့တွင် … Read more
-
ရေဘေးသင့်ပြည်သူများအားထောက်ပ့ံမှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန မအူပင်ခရိုင်ဦးစီးမှူးရုံး တာဝန်ရှိသူများသည် ညောင်တုန်း မြို့နယ်၊ ကျုံရစ်ကျေးရွာအုပ်စု၊ ကျုံရစ်ကျေးရွာ၌ (၂၅.၇.၂၀၁၇)ရက်နေ့ မြစ်ရေမြင့်တက်လာ၍ ပျက်စီးဆုံးရှုံး ပြိုကျခဲ့သည့် နေအိမ်(၁)လုံး အိမ်ထောင်စု (၁)စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုး ရန်ပုံငွေ (၁ဝဝဝဝဝိ/-)နှင့် လူဦးရေ (၃)ဦး အတွက် ဆန်ရိက္ခာဖိုး (၆၃ဝဝိ/-)၊ စုစုပေါင်း ရန်ပုံငွေ (၁ဝ၆၃ဝဝိ/-)တိတိအား (၂၇.၇.၂၀၁၇)ရက်နေ့တွင် ဘေးသင့်ပြည်သူများ လက်ဝယ်သ်ို့ အရောက် ကွင်းဆင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်းသတင်းရရှိပါသည်။Source: မအူပင်ခရိုင်ဦးစီးမှူးရုံး(ကဆရ)
-
သရက်ခရိုင်ဦးစီးမှူးရုံး၊ ရုံးသစ်ဖွင့်ပွဲအခမ်းအနားကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန သရက်ခရိုင်ဦးစီးမှူးရုံး၊ ရုံးသစ်ဖွင့်ပွဲအခမ်းအနားကို (၂၈.၇.၂၀၁၇)ရက်နေ့တွင် ကျင်းပပြုလုပ်ခြဲ့ပီး နံနက် ၀၅းဝဝ အချိန်၌ သံဃာတော် (၅) ပါးအားပင့်ဖိတ်၍ ဆွမ်း ဆက်ကပ်ခြင်း ကမ်မဝါစာ ပရိတ်တရားတော်များရွတ်ဖတ်ခြင်း များပြုလုပ်ခြဲ့ပီး ရုံးဖွင့်ပွဲ သို့ ခရိုင်အုပ်ချုပ်ရေးမှူး မြို့နယ်အုပ်ချူပ်ရေးမှူး ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ ဖိတ်ကြားထားသောဧည့်သည်တော်များစုစုပေါင်း (၈၀) ဦးခန့် တက်ရောက်ခြဲ့ပီး ဧည့်သည်တော်များအားကြာဇံချက် လက်ဘက်ရည် မုန့် အချိုပွဲများဖြင့် ဧည့်ခံကျွေးမွေးခဲ့ပါကြောင်းသတင်းရရှိပါသည်။Source: သရက်ခရိုင်ဦးစီးမှူးရုံး(ကဆရ)
-
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး အား ဗြိတိန်နိုင်ငံ၊ အပြည်ပြည်ဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုဦးစီးဌာန(DFID) အကြီးအကဲ Ms.Gail Marzetti မှ မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်နိုင်ငံ သံအမတ်ကြီး H.E Mr. Andrew Silas Patrickနှင့်အတူလာရောက်တွေ့ဆုံ
၂၈.၇.၂၀၁၇၊ နေပြည်တော် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား ဗြိတိန်နိုင်ငံ၊ အပြည်ပြည်ဆိုင်ရာဖွံ့ဖြိုးတိုးတက်မှ ဦးစီးဌာန (DFID) အကြီးအကဲ Ms.Gail Marzetti မှမြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်နိုင်ငံ သံအမတ်ကြီး H.E Mr. Andrew Silas Patrickနှင့်အတူ အဆိုပါဝန်ကြီးရုံး၊ မေခလာခန်းမ၌လာရောက် တွေ့ဆုံခဲ့ပါသည်။ တွေ့ဆုံရာတွင် Ms.Gail Marzetti က DFID အနေဖြင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏ အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံကိန်း၏ Action Plan ရေးဆွဲရေးနှင့် … Read more
-
ကမ်းပြိုဘေးထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူ များသည် လေးမျက်နှာမြို့၊ သောင်ဘုတ်အုပ်စု၊ သောင်ဘုတ်ကျေးရွာ၊ (၂၄.၇.၂၀၁၇) နေ့ ကမ်းပြိုဘေးသင့် အိမ်ထောင်စု (၁) စုအား ကယ်ဆယ်ရေးပစ္စည်း (၄) မျိုး အိမ်ဆောက်ပစ္စည်းဖိုး (၁၀၀၀၀၀) ကျပ် မိသားစုဝင် (၆) ဦးအတွက် ဆန်ရိက္ခာဖိုး (၁၂၆၀၀) ကျပ်တို့အားလည်းကောင်း၊ ခြောက်ဆယ်အုပ်စု၊ ခြောက်ဆယ်ရွာ (၂၅.၇.၂၀၁၇) နေ့ ကမ်းပြိုဘေးသင့် အိမ်ထောင်စု (၁) စုအား ကယ်ဆယ်ရေးပစ္စည်း (၄) မျိုး အိမ်ဆောက်ပစ္စည်းဖိုး (၁၀၀၀၀၀) ကျပ် … Read more
-
နေရပ်စွန့်ခွာရွွှေ့ပြောင်းနေထိုင်သူများ (IDps) ကာကွယ်စောင့်ရှောက်မှုဆိုင်ရာ အလုပ်ရုံဆွေးနွေးပြုလုပ်မှုသတင
ကယ်ဆယ်ရေး နှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန ကချင်ပြည်နယ်ဦးစီးမှူးရုံးနှင့် ကချင်ပြည်နယ်ကာကွယ်စောင့်ရှောက်မှု အလုပ်အမှုဆောင်အဖွဲ့ (DRC)ရန်ပုံငွေ အဖွဲ့အစည်းတို့ ပူးပေါင်း၍ နေရပ်စွန့်ခွာရွွှေ့ပြောင်းနေထိုင်သူများ (IDps) ကာကွယ်စောင့်ရှောက်မှု အလုပ်ရုံဆွေးနွေးပွဲအား (၂၅.၇.၂၀၁၇) ရက် နေ့တွင် palm Spring Hotel ၌ ကျင်းပပြု လုပ်ခဲ့ကြောင်းသတင်းရရှိပါသည်။Source: ကချင်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ)









