ပခုက္ကူခရိုင်အတွင်း ချင်းတွင်းမြစ်ရေတိုက်စားမှုကြောင့် ကမ်းပြိုမှုဖြစ်ပွားခဲ့သည့်ကျေးရွာများမှဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

29_pic01

29_pic02

29_pic03

ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ချင်းတွင်းမြစ်ရေတိုက်စားမှုကြောင့်-

ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်၊ ဗလဘကျေးရွာအုပ်စု၊ ဗလဘကျေးရွာ၌ (၂၃-၇-၂၀၁၇) ရက်နေ့တွင် ကမ်းပြိုမှုဖြစ်ပွားခဲ့ရာ ကမ်းပြိုဘေးသင့် အိမ်ခြေ (၄) လုံး၊ အိမ်ထောင်စု (၄) စု မှ လူဦးရေ (၁၈) ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာ (၃၇၈၀၀) ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး (၄) အိမ်ထောင်စာ၊ အိမ်ခြေ (၄) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၄၀၀၀၀၀) ကျပ် ထောက်ပံ့ငွေစုစုပေါင်း(၄၃၇၈၀၀) ကျပ်ကိုလည်းကောင်း၊

မိုးကွဲကျေးရွာအုပ်စု၊ ချင်းယားကျေးရွာ၌ (၂၆-၇-၂၀၁၇) ရက်နေ့တွင် ကမ်းပြိုမှုဖြစ်ပွားခဲ့ရာ ကမ်းပြိုဘေးသင့်အိမ်ခြေ (၁) လုံး၊ အိမ်ထောင်စု (၁) စုမှ လူဦးရေ (၂) ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာ (၄၂၀၀) ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး (၁) အိမ်ထောင်စာ၊ အိမ်ခြေ (၁) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀၀၀၀) ကျပ် ထောက်ပံ့ငွေစုစုပေါင်း (၁၀၄၂၀၀) ကျပ်ကိုလည်းကောင်း၊

မီးလောင်ကျွန်းကျေးရွာအုပ်စု၊ ပေါက်တောကျေးရွာ၌ (၂၆-၇-၂၀၁၇) ရက်နေ့တွင် ကမ်းပါးပြိုမှုဖြစ်ပွားခဲ့ရာ ကမ်းပြိုဘေးသင့်အိမ်ခြေ (၂) လုံး၊ အိမ်ထာင်စု(၂)စုမှ လူဦးရေ (၁၁)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာ (၂၃၁၀၀) ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး (၂) အိမ်ထောင်စာ၊ အိမ်ခြေ (၂) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ(၂၀၀၀၀၀) ကျပ် ထောက်ပံ့ငွေစုစုပေါင်း (၂၂၃၁၀၀) ကျပ်တို့ကိုလည်းကောင်း (၂၈-၇-၂၀၁၇) ရက်နေ့တွင် သက်ဆိုင်ရာကျေးရွာအုပ်ချုပ်ရေးမှူးများထံ ဘေးသင့်ပြည်သူများ၏ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။

Source: ပခုက္ကူခရိုင်ဦးစီးမှူးရုံး (ကဆရ)

Sign Up

Upcoming Events