
(၂၀-၇-၂၀၁၇) ရက်နေ့တွင် မန်တုံမြို့နယ်၊ မန်မောက်ကျေးရွာ၌ TNLA သကလတစ်ဖွဲ့လျှင် (၄၀) ဦးခန့်ပါ (၂)ဖွဲ့နှင့် မန်တုံအခြေစိုက် နဗဟ (၃) လက်အောက်ခံ (စမရ-၅၀၄)နှင့် ခလရ (၁၇) စစ်ကြောင်းများ ထိတွေ့မှုကြောင့် မန်မောက်ကျေးရွာမှ ဒေါ်အေးဟိန်း အသက် (၃၀) နှစ် (ဘ)ဦးပေါ်ဟိန်း ကျည်ဆံထိမှန်နှင့် ဒေါ်မယ်အိဂန် အသက် (၅၀) နှစ် (ဘ)ဦးထန်းမောင် လက်နက်ကြီးထိမှန်တို့ (၂) ဦးဒဏ်ရာရရှိခဲ့ပြီး လားရှိုးမြို့ ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှုခံယူလျှက်ရှိရာ အဆိုပါဒဏ်ရာရပြည်သူ (၂) ဦးအတွက် (၁) ဦးလျှင် ထောက်ပံ့ငွေ (၅၀၀၀၀) ကျပ်နှုန်းဖြင့် (၁၀၀၀၀၀) ကျပ်တိတိအား (၂၈-၇-၂၀၁၇) ရက်နေ့တွင် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ လားရှိုးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။
Source: လားရှိုးခရိုင်ဦးစီးမှူးရုံး (ကဆရ)