ကျောက်တော်မြို့နယ်၊ နဂူမေကျေးရွာအုပ်စု၊ နဂူမေကုန်းတန်းကျေးရွာ လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ငွေများ လွှဲပြောင်းပေးအပ်မှုသတင်း

28_pic01
(၂၄-၇-၂၀၁၇) ရက်နေ့တွင် ကျောက်တော်မြို့နယ်၊ နဂူမေကျေးရွာအုပ်စု၊ နဂူမေကုန်းတန်းကျေးရွာ၌ ဖြစ်ပွားခဲ့သော လေဘေးကြောင့် လုံးဝပျက်စီးခဲ့သည့် လူနေအိမ် (၁၈) လုံးမှှ အိမ်ထောင်စု (၁၈) စုစာအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး (၁၈) အိမ်ထောင်စာနှင့် တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့သည့် လူနေအိမ် (၁၈) လုံးမှ အိမ်ထောင်စု (၁၈) စုစာအတွက် ကယ်ဆယ်ရေးပစ္စည်း (၆) မျိုး (၁၈) အိမ်ထောင်စာတို့အား မြောက်ဦးခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် (၂၅-၇-၂၀၁၇) ရက်နေ့တွင် ထောက်ပံ့ပေးအပ်ခဲ့ပြီး
(၂၈-၇-၂၀၁၇) ရက်နေ့တွင် အဆိုပါလေဘေးကြောင့် လုံးဝပျက်စီးလူနေအိမ် (၁၈) လုံးနှင့် တစ်စိတ်တစ်ပိုင်းပျက်စီးလူနေအိမ် (၁၈) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၃၁၀၀၀၀၀) ကျပ်နှင့် လူဦးရေ (၁၆၄) ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုး (၃၄၄၄၀၀) ကျပ် ထောက်ပံ့ငွေစုစုပေါင်း (၃၄၄၄၄၀၀) ကျပ်တို့အား မြောက်ဦးခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများက ကျောက်တော်မြို့နယ်အုပ်ချုပ်ရေးမှူးထံ လွှဲပြောင်းထောက်ပ့ံခဲ့ကြောင်း သိရှိရပါသည်။

Source: မြောက်ဦးခရိုင်ဦးစီးမှူးရုံး (ကဆရ)

Sign Up

Upcoming Events