၂၈.၇.၂၀၁၇၊ နေပြည်တော်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား ဗြိတိန်နိုင်ငံ၊ အပြည်ပြည်ဆိုင်ရာဖွံ့ဖြိုးတိုးတက်မှ ဦးစီးဌာန (DFID) အကြီးအကဲ Ms.Gail Marzetti မှမြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်နိုင်ငံ သံအမတ်ကြီး H.E Mr. Andrew Silas Patrickနှင့်အတူ အဆိုပါဝန်ကြီးရုံး၊ မေခလာခန်းမ၌လာရောက် တွေ့ဆုံခဲ့ပါသည်။
တွေ့ဆုံရာတွင် Ms.Gail Marzetti က DFID အနေဖြင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏ အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံကိန်း၏ Action Plan ရေးဆွဲရေးနှင့် လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများ တွင် ပူးပေါင်းကုညီပေးနေမှု အခြေအနေများ၊ ဝန်ကြီးဌာနမှဆောင်ရွက်နေသည့် လူမှုကာကွယ် စောင့်ရှောက်ရေး စီမံချက်(၃)ခုအကောင်အထည်ဖော်မှုအခြေအနေများ၊ လူငယ်မူဝါဒရေးဆွဲမှု၊ မသန်စွမ်းသူများ အခွင့်အရေးဆိုင်ရာနည်းဥပဒေရေဆွဲမှုနှင့် နိုင်ငံတော်အဆင့်ကော်မတီဖွဲ့စည်းမှု၊ အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကို အခြားဝန်ကြီးဌာနများနှင့် ပေါင်းစပ်ဆောင်ရွက်မှုအား ကောင်းစေရန် မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးရေးရာကော်မတီကိုပြုပြင်ဖွဲ့စည်းမှု၊ ကျား/မ တန်းတူညီမျှရေးနှင့်အမျိုးသမီးများ စွမ်းပကားမြှင့်တင်ရေးဆိုင်ရာ လုပ်ငန်းအဖွဲ့ ဖွဲ့စည်းဆောင် ရွက်မှု၊ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုအတွက် ရန်ပုံငွေရင်းမြစ် (၃)ခုဖြင့်ဆောင်ရွက်နေမှုများ၊ မြန်မာနိုင်ငံသဘာဝဘေးလျော့ပါးရေးလုပ်ငန်းစီမံချက် (၂၀၁၇) ရေးဆွဲဆောင်ရွက်မှု၊ လုပ်ငန်း သစ်များအနေဖြင့် လမ်းပေါ်နေကလေးများ ကာကွယ်စောင့်ရှောက်ရေး၊ မူးယစ်ဆေးဖြတ်ပြီးသူ များ ပြန်လည်ထူထောင်ရေး၊ မလိုလားအပ်သော ကိုယ်ဝန်ကြောင့် စွန့်ပစ်ကလေးများ များပြား လာမှု ကိစ္စရပ်များ၊ ပြည့်တန်ဆာဥပဒေ ပြင်ဆင်ရေးဆွဲရေးအတွက် ဝန်ကြီးဌာနမှ ပါဝင် ဆောင်ရွက်ရမည့် လုပ်ငန်းသစ်များကို ဆွေးနွေးခဲ့ပါသည်။ DFID ကလည်း ဝန်ကြီးဌာန၏ လုပ်ဆောင်ချက်များကို ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ပါသည်။