ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူ များသည် လေးမျက်နှာမြို့၊ သောင်ဘုတ်အုပ်စု၊ သောင်ဘုတ်ကျေးရွာ၊ (၂၄.၇.၂၀၁၇) နေ့ ကမ်းပြိုဘေးသင့် အိမ်ထောင်စု (၁) စုအား ကယ်ဆယ်ရေးပစ္စည်း (၄) မျိုး အိမ်ဆောက်ပစ္စည်းဖိုး (၁၀၀၀၀၀) ကျပ် မိသားစုဝင် (၆) ဦးအတွက် ဆန်ရိက္ခာဖိုး (၁၂၆၀၀) ကျပ်တို့အားလည်းကောင်း၊ ခြောက်ဆယ်အုပ်စု၊ ခြောက်ဆယ်ရွာ (၂၅.၇.၂၀၁၇) နေ့ ကမ်းပြိုဘေးသင့် အိမ်ထောင်စု (၁) စုအား ကယ်ဆယ်ရေးပစ္စည်း (၄) မျိုး အိမ်ဆောက်ပစ္စည်းဖိုး (၁၀၀၀၀၀) ကျပ် မိသားစုဝင် (၇) ဦးအတွက်ဆန်ရိက္ခာဖိုး (၁၄၇၀၀ )ကျပ်တို့က (၂၆.၇.၂၀၁၇) နေ့တွင် ထောက်ပံ့ပေးအပ် ခဲ့ကြောင်း သတင်းရရှိပါသည်။Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး(ကဆရ)