Category Archives: News
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ကျောက်မဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၄-၈-၂၀၁၇) ရက်နေ့တွင် နောင်ချိုမြို့နယ်၊ ကုန်းကြီးရွာမကျေးရွာအုပ်စုမှ ပြည်သူလူထု (၂၀၀) ဦးခန့်အား သဘာဝဘေးအသိပညာပေး ဟောပြောပွဲ ကျင်းပပြုလုပ်ခြင်း၊ ဦးစီးဌာနအကြောင်း ရှင်းလင်းပြောကြားခြင်း၊ သဘာဝဘေးအသိပညာပေးလက်ကမ်းစာစောင်များ ဝေငှပေး ခြင်းနှင့် သဘာဝဘေးနှင့်ပတ်သက်သည့် အကြောင်းအရာများအား ဟောပြောပို့ချခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ကျောက်မဲခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ကျောက်မဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃-၈-၂၀၁၇) ရက်နေ့တွင် ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်၊ လုက္ခလေးကျေးရွာအုပ်စုမှ ပြည်သူလူထု (၂၀၀) ဦးခန့်အား သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခြင်း၊ ဦးစီးဌာနအကြောင်း ရှင်းလင်းပြောကြားခြင်း၊ သဘာဝဘေးအသိပညာပေး လက်ကမ်းစာစောင်များဝေငှပေး ခြင်းခြင်းနှင့် သဘာဝဘေးနှင့်ပတ်သက်သည့် အကြောင်းအရာများအား ဟောပြောပို့ချခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ကျောက်မဲခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
သာပေါင်းမြို့နယ်အတွင်း မြစ်ရေကြီးမှုကြောင့် ရေဝင်အဆင့်ထိုးနေထိုင်သည့် ရေဘေးသင့်ပြည်သူများနှင့် ကယ်ဆယ်ရေးစခန်းများသို့ ပြောင်းရွှေ့နေထိုင်သည့် ရေဘေးသင့်ပြည်သူများအတွက် ဆန်ရိက္ခာဖိုးငွေများ လွှဲပြောင်းထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သာပေါင်းမြို့နယ်အတွင်း မြစ်ရေကြီးမှုကြောင့် ရေဝင်အဆင့်ထိုးနေထိုင်သည့် ရေဘေးသင့်ပြည်သူများနှင့် ကယ်ဆယ်ရေးစခန်းများသို့ပြောင်းရွှေ့နေထိုင်သည့် ရေဘေးသင့်ပြည်သူ (၇၆၂) ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာ (၁၆၀၀၂၀၀) ကျပ်အား (၃-၈-၂၀၁၇) ရက်နေ့တွင် သာပေါင်းမြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ထံသို့ လွှဲပြောင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။ Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)
-
ကယ်ဆယ်ရေးပစ္စည်းနှင့် ထောက်ပံ့ငွေပေးအပ်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည ဟင်္သာတမြို့နယ်၊ ခြင်ဘို့ အုပ်စု၊ ကျောက်ရဲနှင့် သဲရိုးကျေးရွာတို့၌ ကမ်းပါးပြိုကျခဲ့မှုကြောင့် ဘေးသင့်ခဲ့သော အိမ်ထောင်စု (၁၉) စု လူဦးရေ (၆၆) ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၄) မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁,၉၀၀,၀၀၀) ကျပ်၊ ဆန်ရိက္ခာဖိုးငွေ (၁၃၈,၆၀၀) ကျပ်နှင့် ဘုန်းတော်ကြီးကျောင်း (၂) ကျောင်းအတွက် ထောက်ပံ့ငွေ (၂၀၀,၀၀၀) ကျပ်တို့အား (၃-၈-၂၀၁၇) ရက်နေ့တွင် သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
ရေကြည်မြို့နယ်အတွင်း ကမ်းပြိုဘေးနှင့် လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ််ခရိုင်၊ ရေကြည်မြို့နယ်၊ နှောကုန်းကျေးရွာအုပ်စု၊ နှောကုန်းကျေးရွာတွင် ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ပြိုကျပျက်စီးခဲ့သည့် နေအိမ်် (၁) လုံး၊ အိမ်ထောင်စု (၁) စုမှ လူဦးရေ (၁၁) ဦးအတွက် (၂၂) မျိုးပါ Family Kits (၁) ပုံး၊ ဆန်ရိက္ခာ(၇)ရက်စာ (၂၃၁၀၀) ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုး (၁၀၀၀၀၀) ကျပ်၊ ထောက်ပံ့ငွေစုစုပေါင်း(၁၂၃၁၀၀) ကျပ်နှင့် ရေကြည်မြို့နယ်၊ ဝက်ရုပ်ကျေးရွာအုပ်စု၊ ကညင်ငူကျေးရွာတွင် လေပြင်းတိုက်ခတ်၍ သစ်ပင်ပြိုလဲမှုကြောင့် ပြိုကျပျက်စီးခဲ့သည့် နေအိမ် (၂) လုံး၊ … Read more
-
မြန််မာနိုင်ငံလူငယ်မူဝါဒရေးဆွဲရေးဆိုင်ရာ ဗဟိုကော်မတီအစည်းအဝေးကျင်းပပြုလုပ်မှုသတင်း
(၃-၈-၂၀၁၇) ၊ နေပြည်တော် မြန်မာနိုင်ငံ လူငယ်မူဝါဒရေးဆွဲရေးဆိုင်ရာ ဗဟိုကော်မတီ အစည်းအဝေးကို (၃-၈-၂၀၁၇) ရက်နေ့၊ နံနက်ပိုင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးနှင့် ဗဟိုကော်မတီဝင်များ တက်ရောက်ခဲ့ကြပါသည်။ ပြည်ထောင်စုဝန်ကြီးက အစိုးရအဖွဲ့သစ် စတင်တာဝန်ယူကတည်းက လူငယ့်ရေးရာမူဝါဒပေါ်ထွက်လာစေရေး မိမိတို့အနေဖြင့် ရက် (၁၀၀) စီမံချက်တွင် ထည့်သွင်းအကောင်အထည်ဖေါ် ဆောင်ရွက်ခဲ့ပါကြောင်း၊ မူဝါဒပေါ်ထွန်းလာစေရေးအတွက် မူကြမ်းရေးဆွဲရေး ကော်မတီ၊ လုပ်ငန်းကော်မတီနှင့် ဗဟိုကော်မတီများ ဖွဲ့စည်းဆောင်ရွက်လျက်ရှိပါကြောင်း၊ လက်တွေ့ကျပြီး အကျိုးဖြစ်ထွန်းသော … Read more
-
အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃-၈-၂၀၁၇) ရက်နေ့တွင် လယ်ဝေးမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းဝေးခန်းမ၌ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ဆယ်အိမ်မှူးများအား ဦးစီးဌာနလုပ်ဆောင်ချက်များ၊ သဘာဝဘေးစီမံခန့်ခွဲမှုစနစ် သဘောတရားများနှင့် DAN Mobile Application အသုံးပြုပုံနည်းစနစ်များကို ရှင်းလင်းပြောကြားခဲ့ရာ တက်ရောက်သူ စုစုပေါင်း (၆၇) ဦးရှိကြောင်း သတင်းရရှိပါသည်။ Source: ပြည်ထောင်စုနယ်မြေဦးစီးမှူးရုံး(ကဆရ)
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲများကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေ ရာချထားရေးဦးစီးဌာန၊ ကျောက်မဲခရိုင််ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃-၈-၂၀၁၇)နေ့တွင် နောင်ချိုမြို့နယ်၊ လုံရုံးကျေးရွာအုပ်စုတွင် သဘာဝဘေးအသိ ပညာပေးဟောပြောဆွေးနွေးခြင်း သဘာဝဘေးအသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပြီး ပြည်သူ (၂၅၀)ဦးတက်ရောက်ခဲ့ ကြောင်းသတင်းရရှိပါသည်။Source: ကျောက်မဲခရိုင််ဦးစီးမှူးရုံး (ကဆရ)
-
မအူပင်ခရိုင်ဦးစီးမှူးရုံးမှ ကမ်းပြိုဘေးထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် မအူပင်မြို့နယ်၊ အောက်ထုံးကျေးရွာအုပ်စု၌ (၂၇/၂၈/၃၁-၇-၂ဝ၁၇)ရက်နေ့များတွင် ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ကြိုတင်ဖျက်သိမ်း ပြောင်းရွှေ့နေအိမ် (၂၉)လုံး၊ အိမ်ထောင်စု (၂၉)စု အတွက် ကယ်ဆယ်ရေးပစ္စည်း (၁ဝ)မျိုးအား (၂-၈-၂ဝ၁၇) ရက်နေ့တွင် ဘေးသင့်ပြည်သူများထံသို့ သွားရောက်ထောက်ပံ့ခဲ့ကြောင်းသတင်းရရှိပါသည်။
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ စွမ်းဆောင်ရည်မြှင့်တင်မှုသင်တန်းဖွင့်လှစ်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးနှင့် IRC တို့ပူးပေါင်း၍ (၂-၈-၂၀၁၇) ရက်နေ့တွင် ဖားဆောင်းမြို့၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စွမ်းဆောင်ရည်မြှင့်တင်မှုသင်တန်းကို ဖွင့်လှစ်ခဲ့ပြီး သင်တန်းကာလမှာ (၃) ရက်တာကြာမြင့်မည်ဖြစ်ပါသည်။အဆိုပါ သင်တန်းသို့ ရပ်ကျေးအုပ်ချုပ်ရေးမှူးများ၊ ရပ်ကျေးစာရေးနှင့် စိတ်ပါဝင်စားသူ စုစုပေါင်း (၂၅) ဦး သင်တန်းတက်ရောက်မည်ဖြစ်ပြီး ပြည်နယ်ကယ်ဆယ်ရေးဦးစီးဌာန၊ ပြည်နယ်မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ ပြည်နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ဘောလခဲခရိုင် မီးသတ်ဦးစီးဌာန၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့နှင့် IRC တို့မှ ဆွေးနွေးပို့ချသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။ Source: ကယားပြည်နယ်ဦးစီးမှူးရုံး (ကဆရ)









