မြန််မာနိုင်ငံလူငယ်မူဝါဒရေးဆွဲရေးဆိုင်ရာ ဗဟိုကော်မတီအစည်းအဝေးကျင်းပပြုလုပ်မှုသတင်း

4_pic01
(၃-၈-၂၀၁၇) ၊ နေပြည်တော်

မြန်မာနိုင်ငံ လူငယ်မူဝါဒရေးဆွဲရေးဆိုင်ရာ ဗဟိုကော်မတီ အစည်းအဝေးကို (၃-၈-၂၀၁၇) ရက်နေ့၊ နံနက်ပိုင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးနှင့် ဗဟိုကော်မတီဝင်များ တက်ရောက်ခဲ့ကြပါသည်။

ပြည်ထောင်စုဝန်ကြီးက အစိုးရအဖွဲ့သစ် စတင်တာဝန်ယူကတည်းက လူငယ့်ရေးရာမူဝါဒပေါ်ထွက်လာစေရေး မိမိတို့အနေဖြင့် ရက် (၁၀၀) စီမံချက်တွင် ထည့်သွင်းအကောင်အထည်ဖေါ် ဆောင်ရွက်ခဲ့ပါကြောင်း၊ မူဝါဒပေါ်ထွန်းလာစေရေးအတွက် မူကြမ်းရေးဆွဲရေး ကော်မတီ၊ လုပ်ငန်းကော်မတီနှင့် ဗဟိုကော်မတီများ ဖွဲ့စည်းဆောင်ရွက်လျက်ရှိပါကြောင်း၊ လက်တွေ့ကျပြီး အကျိုးဖြစ်ထွန်းသော မူဝါဒဖြစ်ရေး လူငယ်များကိုယ်တိုင်ရေးဆွဲစေခဲ့ပြီး မူဝါဒပိုင်းဆိုင်ရာလိုအပ်ချက်များကို ဗဟိုကော်မတီက ဖြည့်ဆည်းဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်း၊ မိမိတို့အစိုးရအဖွဲ့သည် ပြည်သူအကျိုး၊ လူငယ်များအကျိုးကို ဆောင်ရွက်မည့် ပြည်သူအစိုးရဖြစ်ပါကြောင်း၊ အစိုးရအနေဖြင့် ပြည်သူ့အတွက်ရာနှုန်းပြည့် တာဝန်ယူရသော်လည်း ရာနှုန်းပြည့်လုပ်ကိုင်နိုင်ရေးအတွက်ကို ပေါင်းစပ်ဆောင်ရွက်မှုပြုရမှာ ဖြစ်ကြောင်း၊ မူဝါဒပေါ်ထွန်းလာပြီးနောက် အလွှာအသီးသီးက လူငယ်များပါဝင်နိုင်သည့် ရှေ့လုပ်ငန်းစဉ်များ၊ မဟာဗျူဟာများကို ဖော်ဆောင်သွားရမှာဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် လူငယ်တစ်ဦးချင်းစီက အသိနဲ့ပါဝင်ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ လူငယ်ဘက်စုံဖွံ့ဖြိုးရေးပွဲတော်ကို ယခုနှစ်နိုဝင်ဘာလအတွင်း ကျင်းပရန် စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ အပြောင်းအလဲကို ဆောင်ရွက်ရာတွင် အကျိုးရှိသော အပြောင်းအလဲ ဖြစ်ဖို့ လိုအပ်ပါကြောင်း၊ မူဝါဒကို လက်တွေ့အသုံးချနိုင်ဖို့လိုအပ်ကြောင်းနှင့် တစ်ကြိမ်တည်းဖြင့် တစ်သက်တာအတွက် အကောင်းဆုံးရေးဆွဲရန် မဖြစ်နိုင်ကြောင်း၊ လိုအပ်လျှင် လိုအပ်သလို ပြင်ဆင်ဆောင်ရွက်သွားနိုင်ကြောင်း၊ လူငယ်မူဝါဒရေးဆွဲရန် လုံလောက်သော အချိန်ရရှိပြီးဖြစ်၍ လူငယ်မူဝါဒ အမြန်ဆုံး ပေါ်ထွန်းလာစေရေး ဝိုင်းဝန်းဆွေးနွေးပေးကြပါရန် ပြောကြားခဲ့ပါသည်။
ယင်းနောက် လူငယ်မူဝါဒရေးဆွဲရေး နည်းပညာအကြံပေးပုဂ္ဂိုလ်က လူငယ်မူဝါဒ တတိယမူဘောင်ကြမ်းနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြပြီး လူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးက ဌာနဆိုင်ရာများမှ ပေးပို့လာသော သဘောထားအကြံပြုချက်များနှင့် ရေးဆွဲထားသည့် လူငယ်မူဝါဒကို တစ်ပုဒ်ခြင်း ဖတ်ကြားရှင်းလင်းတင်ပြရာ တက်ရောက်လာသည့် ဗဟိုကော်မတီဝင်များက ဝိုင်းဝန်းဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။

Sign Up

Upcoming Events