ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးနှင့် IRC တို့ပူးပေါင်း၍ (၂-၈-၂၀၁၇) ရက်နေ့တွင် ဖားဆောင်းမြို့၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စွမ်းဆောင်ရည်မြှင့်တင်မှုသင်တန်းကို ဖွင့်လှစ်ခဲ့ပြီး သင်တန်းကာလမှာ (၃) ရက်တာကြာမြင့်မည်ဖြစ်ပါသည်။အဆိုပါ သင်တန်းသို့ ရပ်ကျေးအုပ်ချုပ်ရေးမှူးများ၊ ရပ်ကျေးစာရေးနှင့် စိတ်ပါဝင်စားသူ စုစုပေါင်း (၂၅) ဦး သင်တန်းတက်ရောက်မည်ဖြစ်ပြီး ပြည်နယ်ကယ်ဆယ်ရေးဦးစီးဌာန၊ ပြည်နယ်မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ ပြည်နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ဘောလခဲခရိုင် မီးသတ်ဦးစီးဌာန၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့နှင့် IRC တို့မှ ဆွေးနွေးပို့ချသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။
Source: ကယားပြည်နယ်ဦးစီးမှူးရုံး (ကဆရ)