ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ကျောက်မဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၄-၈-၂၀၁၇) ရက်နေ့တွင် နောင်ချိုမြို့နယ်၊ ကုန်းကြီးရွာမကျေးရွာအုပ်စုမှ ပြည်သူလူထု (၂၀၀) ဦးခန့်အား သဘာဝဘေးအသိပညာပေး ဟောပြောပွဲ ကျင်းပပြုလုပ်ခြင်း၊ ဦးစီးဌာနအကြောင်း ရှင်းလင်းပြောကြားခြင်း၊ သဘာဝဘေးအသိပညာပေးလက်ကမ်းစာစောင်များ ဝေငှပေး ခြင်းနှင့် သဘာဝဘေးနှင့်ပတ်သက်သည့် အကြောင်းအရာများအား ဟောပြောပို့ချခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ကျောက်မဲခရိုင်ဦးစီးမှူးရုံး (ကဆရ)