ရေကြည်မြို့နယ်အတွင်း ကမ်းပြိုဘေးနှင့် လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

4_pic01
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ််ခရိုင်၊ ရေကြည်မြို့နယ်၊ နှောကုန်းကျေးရွာအုပ်စု၊ နှောကုန်းကျေးရွာတွင် ဖြစ်ပွားခဲ့‌သော ကမ်းပြိုဘေးကြောင့် ပြိုကျပျက်စီးခဲ့သည့် နေအိမ်် (၁) လုံး၊ အိမ်ထောင်စု (၁) စုမှ လူဦးရေ (၁၁) ဦးအတွက် (၂၂) မျိုးပါ Family Kits (၁) ပုံး၊ ဆန်ရိက္ခာ(၇)ရက်စာ (၂၃၁၀၀) ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုး (၁၀၀၀၀၀) ကျပ်၊ ထောက်ပံ့ငွေစုစုပေါင်း(၁၂၃၁၀၀) ကျပ်နှင့် ရေကြည်မြို့နယ်၊ ဝက်ရုပ်ကျေးရွာအုပ်စု၊ ကညင်ငူကျေးရွာတွင် လေပြင်းတိုက်ခတ်၍ သစ်ပင်ပြိုလဲမှုကြောင့် ပြိုကျပျက်စီးခဲ့သည့် နေအိမ် (၂) လုံး၊ အိမ်ထောင်စု (၂) စုမှ လူဦးရေ (၁၀) ဦးအတွက် (၂၂) မျိုးပါ Family Kits (၂) ပုံး၊ ဆန်ရိက္ခာ(၇)ရက်စာ (၂၁၀၀၀) ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုး (၂၀၀၀၀၀) ကျပ်၊ ထောက်ပံ့ငွေစုစုပေါင်း (၂၂၁၁၀၀) ကျပ်တို့အား (၃-၈-၂၀၁၇) ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် ဘေးသင့်ပြည်သူများလက်ဝယ်သို့အရောက် ကွင်းဆင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။

Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)

Sign Up

Upcoming Events