ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည ဟင်္သာတမြို့နယ်၊ ခြင်ဘို့ အုပ်စု၊ ကျောက်ရဲနှင့် သဲရိုးကျေးရွာတို့၌ ကမ်းပါးပြိုကျခဲ့မှုကြောင့် ဘေးသင့်ခဲ့သော အိမ်ထောင်စု (၁၉) စု လူဦးရေ (၆၆) ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၄) မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁,၉၀၀,၀၀၀) ကျပ်၊ ဆန်ရိက္ခာဖိုးငွေ (၁၃၈,၆၀၀) ကျပ်နှင့် ဘုန်းတော်ကြီးကျောင်း (၂) ကျောင်းအတွက် ထောက်ပံ့ငွေ (၂၀၀,၀၀၀) ကျပ်တို့အား (၃-၈-၂၀၁၇) ရက်နေ့တွင် သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ကဆရ)