
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သာပေါင်းမြို့နယ်အတွင်း မြစ်ရေကြီးမှုကြောင့် ရေဝင်အဆင့်ထိုးနေထိုင်သည့် ရေဘေးသင့်ပြည်သူများနှင့် ကယ်ဆယ်ရေးစခန်းများသို့ပြောင်းရွှေ့နေထိုင်သည့် ရေဘေးသင့်ပြည်သူ (၇၆၂) ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာ (၁၆၀၀၂၀၀) ကျပ်အား (၃-၈-၂၀၁၇) ရက်နေ့တွင် သာပေါင်းမြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ထံသို့ လွှဲပြောင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။
Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)