Category Archives: News
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကော့သောင်းခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၀-၉-၂၀၁၇) ရက်နေ့တွင် ကော့သောင်းမြို့နယ်၊ ပုလုံးတုံးတုံကျေးရွာ အလက(ခွဲ) ၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပြီး အဆိုပါဟောပြောပွဲသို့ တက်ရောက်သူဦးရေ (၁၂၅) ဦးရှိကြောင်း သတင်းရရှိပါသည်။ Source: ကော့သောင်းခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
နယ်မြေလုံခြုံရေးအရ ရွှေ့ပြောင်းရောက်ရှိလာသော အိမ်ထောင်စုများအတွက် ထောက်ပံ့မှုများ ပေးအပ်မှုသတင်း
(၁၁-၉-၂၀၁၇) ရက်နေ့တွင် မိုးညှင်းမြို့နယ်၊ နန့်မွန်းကျေးရွာ နှစ်ခြင်းဘုရားကျောင်း၌ နယ်မြေလုံခြုံရေးအရ ရွှေ့ပြောင်းရောက်ရှိလာသော IDPs အိမ်ထောင်စု(၂၀)စု၊ လူဦးရေ(၁၀၅)ဦးတို့အား ကချင်ပြည်နယ်နယ်ဝန်ကြီးချုပ်ခရီးစဉ်တွင် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန ကချင်ပြည်နယ်ဦးစီးမှူး ဦးဝင်းဇော်ဌေး မှ ကယ်ဆယ်ပစ္စည်း(၉)မျိုး (၂၀)အိမ်ထောင်စာနှင့် ဆန်ရိက္ခာဖိုး(၇)ရက်စာ လူဦးရေ (၁၀၅) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ(၂၂၀၅၀၀)ကျပ်အား သွားရောက်ထောက်ပံ့ခဲ့ကြောင်း သိရှိရပါသည်။ Source: ကချင်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ)
-
ဒေသခံပြည်သူများ၏လိုအပ်ချက်များကို စနစ်တကျဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေး ဝန်ထမ်းများအားစုဖွဲ့၍ အလှည့်ကျစေလွှတ်ပြီး လုပ်ငန်းများဆောင်ရွက်လျက်ရှိ
၁၁-၉-၂၀၁၇ နေပြည်တော် ARSA အစွန်းရောက်အကြမ်းဖက်သမားများ၏ အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်များကြောင့် နေရပ်စွန့်ခွာ တိမ်းရှောင်နေရသည့် ဒေသခံပြည်သူများ၏ လိုအပ်ချက်များကို စနစ်တကျဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်ရေး လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေဖြင့် ရုံးချုပ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးမှ ဝန်ထမ်းများအားစုဖွဲ့၍ ရခိုင်ပြည်နယ်သို့ အလှည့်ကျစေလွှတ်ပြီး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါသည်။ အဆိုပါဝန်ထမ်းများအား (၁၀-၉-၂၀၁၇) ရက်နေ့တွင် စစ်တွေမြို့လေဆိပ်ဧည့်ခန်းမဆောင်၌ တွေ့ဆုံရာတွင် ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက မောင်တောဒေသမှလူနည်းစု ဒေသခံတိုင်းရင်းသားများဖြစ်သော မြိုလူမျိုး၊ သက်လူမျိုး၊ ဒိုင်းနက်လူမျိုး၊ ခမီလူမျိုး၊ မရမကြီးလူမျိုးနှင့် ဟိန္ဒူဘာသာကိုးကွယ်သူများသည် ARSA အကြမ်းဖက်သမားများ၏ အကြမ်းဖက်လုပ်ရပ်များကြောင့် … Read more
-
“သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ် ( ဆင့်ပွား ) သင်တန်းအမှတ်စဉ် (၃/၂၀၁၇)” ဖွင့်လှစ်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မော်လိုက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၈-၉-၂၀၁၇) ရက်နေ့တွင် မော်လိုက်မြို့နယ် အထွေထွေအုပ်ချုပ်ရေးအစည်းအဝေးခန်းမ၌ “သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ် ( ဆင့်ပွား ) သင်တန်းအမှတ်စဉ်(၃/၂၀၁၇)” ကို သင်တန်းသား (၃၁) ဦးဖြင့် ဖွင့်လှစ်ခဲ့ပါသည်။ အဆိုပါသင်တန်းကို ( ၈-၉-၂၀၁၇ ) မှ ( ၁၀-၉-၂၀၁၇ ) ထိ (၃) ရက်ကြာ ဖွင့်လှစ်ခဲ့ကြောင်း သိရှိရပါသည်။ Source: မော်လိုက်ခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
ထောက်ပံ့ပစ္စည်းပေးအပ်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၊ ကဒူးကြီးကျေးရွာအုပ်စု၊ မဲ့တစေးကျေးရွာနှင့် ပုံးစုတ် ကျေးရွာများမှ တိုက်ပွဲရှောင်ဘေးသင့်ခဲ့သည့် အိမ်ထောင်စု (၄၅) စု၊ လူဦးရေ (၂၀၉) ဦးအတွက် ရိက္ခာတစ်လစာ ဆန် (၆၅) အိတ်၊ ဆီ (၉၀) ပိဿာ၊ ကုလားပဲ (၉၀) ပိဿာ၊ ဆား (၂၂) ပိသာနှင့် လယ်ယာသုံးပစ္စည်း ပေါက်ပြား၊ ဓါး၊ ပုဆိန်၊ တံဇဉ်နှင့် ထယ်သွား စုုုစုပေါင်း (၅၈၅) လက်တို့အား (၉-၉-၂၀၁၇) … Read more
-
ပုသိမ်မြို့၊ ဘိုကနောင်လမ်းရှိ ကရင်နှစ်ချင်းခရစ်ယာန်ဘုန်းကြီးကျောင်း၌ ရပ်ရွာလူထုအခြေပြု ဘေးအန္တရာယ်ကြောင့် ထိခိုက် ဆုံးရှုံးနိုင်ခြေလျော့ပါးရေးသင်တန်း ဖွင့်လှစ်မှုသတင်း
(၁၁-၉-၂၀၁၇) ရက်နေ့ (၀၉းဝဝ) နာရီအချိန်တွင် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးနှင့် UN Volunteers တို့ပူးပေါင်း၍ ပုသိမ်မြို့နယ်အတွင်းရှိ စေတနာ့ဝန်ထမ်းလူငယ်များအတွက် ပုသိမ်မြို့၊ ဘိုကနောင်လမ်းရှိ ကရင်နှစ်ချင်းခရစ်ယာန်ဘုန်းကြီးကျောင်း၌ “ရပ်ရွာလူထုအခြေပြု ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေလျော့ပါးရေးသင်တန်း” အား ဖွင့်လှစ်ခဲ့ရာ အခမ်းအနားသို့ ပုသိမ်မြို့နယ်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာစိုးဝင်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူး၊ ပုသိမ်မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့မှ အဖွဲ့ဝင်များ၊ UN စေတနာ့ဝန်ထမ်းလူငယ်များ၊ စုစုပေါင်း အင်အား (၇၀) ဦး တက်ရောက်ခဲ့ပါသည်။ အဆိုပါသင်တန်းသည် (၁၁-၉-၂၀၁၇) … Read more
-
ဖျာပုံမြို့၊ ဇော်ဂျီခန်းမ၌ ဖျာပုံခရိုင် ရပ်ရွာအခြေပြုဘေးအန္တရာယ်စီမံခန့်ခွဲမှုသင်တန်း ဖွင့်လှစ်မှုသတင်း
(၁၁-၉-၂၀၁၇) ရက်နေ့တွင် ဖျာပုံခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် မြန်မာနိုင်ငံကြက်ခြေနီအဖွဲ့့နှင့် ပူးပေါင်း၍ ဖျာပုံမြို့၊ ဇော်ဂျီစာကြည့်တိုက်ခန်းမ၌ ဖျာပုံခရိုင် ရပ်ရွာအခြေပြုဘေးအန္တရာယ်စီမံခန့်ခွဲမှုသင်တန်းကို ဖွင့်လှစ်ခဲ့ရာ ဖျာပုံခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ ဒေါ်သီသီချို (ဦးစီးအရာရှိ) က ဘေးအန္တရာယ်စီမံခန့်ခွဲမှုဘာသာရပ်များကို ပို့ချပေးလျက်ရှိပါသည်။ အဆိုပါသင်တန်းသည် (၁၁-၉-၂၀၁၇) မှ (၁၆-၉-၂၀၁၇) ထိ ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရှိရပါသည်။ Source: ဖျာပုံခရိုင်ဦးစ%
-
ကယ်ဆယ်ရေးပစ္စည်းများထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မောင်တောခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မောင်တော မြို့နယ်အတွင်း (ARSA) အကြမ်းဖက်မှုဖြစ်စဉ်ကြောင့် မောင်တောမြို့ (၄) မိုင်စုရပ်စခန်းသို့ ပြောင်းရွှေ့ခိုလှုံ ရောက်ရှိလာသည့် ရခိုင် ဒိုင်းနက် မြိုတိုင်းရင်းသား အိမ်ထောင်စု (၂၁၁) စုအတွက် ကယ်ဆယ်ရေး (၁၀) မျိုး (၂၁၁) အိမ်ထောင်စုစာအားလည်းကောင်း၊ မောင်တောမြို့၊ မြို့မ ဘုန်းတော်ကြီးကျောင်းစုရပ်သို့ ခိုလှုံရန်ရောက်ရှိ လာသည့် နံသာတောင်ကျေးရွာမှ အိမ်ထောင်စု (၄၂) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး အိမ်ထောင်စု (၄၂) စုစာတို့အား (၁၁-၉-၂၀၁၇) … Read more
-
ထောက်ပံ့ငွေပေးအပ်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (ARSA) ဘင်္ဂလီအကြမ်းဖက်ဖြစ်စဉ်ကြောင့် စစ်တွေမြို့ပေါ်ရှိ ဓါတ်ဦးကျောင်းတိုက်သို့ နေရပ်စွန့်ခွာပြီး ယာယီလာရောက်ခိုလှုံကြ သော ဘုန်းတော်ကြီးကျောင်းမှ မူလတန်း ကျောင်းသား/ကျောင်းသူ (၅) ဦးအတွက် တစ်ဦးလျှင် (၁၀,၀၀၀) ကျပ်နှုန်းဖြင့် (၅၀,၀၀၀) ကျပ်နှင့်အလယ်တန်း ကျောင်းသား/ကျောင်းသူ (၇) ဦးအတွက် တစ်ဦးလျှင် (၁၅,၀၀၀) ကျပ်နှုန်းဖြင့် (၁၀၅,၀၀၀) ကျပ် စုစုပေါင်းထောက်ပံ့ငွေ (၁၅၅,၀၀၀) ကျပ်တို့အား (၁၁-၉-၂၀၁၇) ရက်နေ့တွင် သွားရောက်ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ရခိုင်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ)
-
ARSA အကြမ်းဖက်မှုဖြစ်စဉ်ကြောင့် မောင်တောမြို့ ၄ မိုင် စုရပ်စခန်းသို့ ပြောင်းရွေ့ခိုလှုံရောက်ရှိလာသည့် ရခိုင်၊ ဒိုင်းနက်၊ မြိုတိုင်းရင်းသား အိမ်ထောင်စုများအား ထောက်ပံ့မှုသတင်း
မောင်တောမြို့နယ်အတွင်း ARSA အကြမ်းဖက်မှုဖြစ်စဉ်ကြောင့် မောင်တောမြို့ ၄ မိုင် စုရပ်စခန်းသို့ ပြောင်းရွေ့ခိုလှုံရောက်ရှိလာသည့် ရခိုင်၊ ဒိုင်းနက်၊ မြိုတိုင်းရင်းသား အိမ်ထောင်စု (၂၁၁) စုအား မောင်တောခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး အိမ်ထောင်စု (၂၁၁) စုစာအား (၁၁-၉-၂၀၁၇) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။ Source: မောင်တောခရိုင်ဦးစီးမှူးရုံး (ကဆရ)









