ထောက်ပံ့ပစ္စည်းပေးအပ်မှုသတင်း

ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၊ ကဒူးကြီးကျေးရွာအုပ်စု၊ မဲ့တစေးကျေးရွာနှင့် ပုံးစုတ် ကျေးရွာများမှ တိုက်ပွဲရှောင်ဘေးသင့်ခဲ့သည့် အိမ်ထောင်စု (၄၅) စု၊ လူဦးရေ (၂၀၉) ဦးအတွက် ရိက္ခာတစ်လစာ ဆန် (၆၅) အိတ်၊ ဆီ (၉၀) ပိဿာ၊ ကုလားပဲ (၉၀) ပိဿာ၊ ဆား (၂၂) ပိသာနှင့် လယ်ယာသုံးပစ္စည်း ပေါက်ပြား၊ ဓါး၊ ပုဆိန်၊ တံဇဉ်နှင့် ထယ်သွား စုုုစုပေါင်း (၅၈၅) လက်တို့အား (၉-၉-၂၀၁၇) ရက်နေ့တွင် လင်းခေးခရိုင်၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူးထံသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်းသိရှိရပါသည်။

Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး (ကဆရ)

Sign Up

Upcoming Events