(၁၁-၉-၂၀၁၇) ရက်နေ့တွင် မိုးညှင်းမြို့နယ်၊ နန့်မွန်းကျေးရွာ နှစ်ခြင်းဘုရားကျောင်း၌ နယ်မြေလုံခြုံရေးအရ ရွှေ့ပြောင်းရောက်ရှိလာသော IDPs အိမ်ထောင်စု(၂၀)စု၊ လူဦးရေ(၁၀၅)ဦးတို့အား ကချင်ပြည်နယ်နယ်ဝန်ကြီးချုပ်ခရီးစဉ်တွင် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန ကချင်ပြည်နယ်ဦးစီးမှူး ဦးဝင်းဇော်ဌေး မှ ကယ်ဆယ်ပစ္စည်း(၉)မျိုး (၂၀)အိမ်ထောင်စာနှင့် ဆန်ရိက္ခာဖိုး(၇)ရက်စာ လူဦးရေ (၁၀၅) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ(၂၂၀၅၀၀)ကျပ်အား သွားရောက်ထောက်ပံ့ခဲ့ကြောင်း သိရှိရပါသည်။
Source: ကချင်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ)