ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (ARSA) ဘင်္ဂလီအကြမ်းဖက်ဖြစ်စဉ်ကြောင့် စစ်တွေမြို့ပေါ်ရှိ ဓါတ်ဦးကျောင်းတိုက်သို့ နေရပ်စွန့်ခွာပြီး ယာယီလာရောက်ခိုလှုံကြ သော ဘုန်းတော်ကြီးကျောင်းမှ မူလတန်း ကျောင်းသား/ကျောင်းသူ (၅) ဦးအတွက် တစ်ဦးလျှင် (၁၀,၀၀၀) ကျပ်နှုန်းဖြင့် (၅၀,၀၀၀) ကျပ်နှင့်အလယ်တန်း ကျောင်းသား/ကျောင်းသူ (၇) ဦးအတွက် တစ်ဦးလျှင် (၁၅,၀၀၀) ကျပ်နှုန်းဖြင့် (၁၀၅,၀၀၀) ကျပ် စုစုပေါင်းထောက်ပံ့ငွေ (၁၅၅,၀၀၀) ကျပ်တို့အား (၁၁-၉-၂၀၁၇) ရက်နေ့တွင် သွားရောက်ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ရခိုင်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ)