ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မောင်တောခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မောင်တော မြို့နယ်အတွင်း (ARSA) အကြမ်းဖက်မှုဖြစ်စဉ်ကြောင့် မောင်တောမြို့ (၄) မိုင်စုရပ်စခန်းသို့ ပြောင်းရွှေ့ခိုလှုံ ရောက်ရှိလာသည့် ရခိုင် ဒိုင်းနက် မြိုတိုင်းရင်းသား အိမ်ထောင်စု (၂၁၁) စုအတွက် ကယ်ဆယ်ရေး (၁၀) မျိုး (၂၁၁) အိမ်ထောင်စုစာအားလည်းကောင်း၊ မောင်တောမြို့၊ မြို့မ ဘုန်းတော်ကြီးကျောင်းစုရပ်သို့ ခိုလှုံရန်ရောက်ရှိ လာသည့် နံသာတောင်ကျေးရွာမှ အိမ်ထောင်စု (၄၂) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး အိမ်ထောင်စု (၄၂) စုစာတို့အား (၁၁-၉-၂၀၁၇) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: မောင်တောခရိုင်ဦးစီးမှူးရုံး (ကဆရ)