(၁၁-၉-၂၀၁၇) ရက်နေ့ (၀၉းဝဝ) နာရီအချိန်တွင် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးနှင့် UN Volunteers တို့ပူးပေါင်း၍ ပုသိမ်မြို့နယ်အတွင်းရှိ စေတနာ့ဝန်ထမ်းလူငယ်များအတွက် ပုသိမ်မြို့၊ ဘိုကနောင်လမ်းရှိ ကရင်နှစ်ချင်းခရစ်ယာန်ဘုန်းကြီးကျောင်း၌ “ရပ်ရွာလူထုအခြေပြု ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေလျော့ပါးရေးသင်တန်း” အား ဖွင့်လှစ်ခဲ့ရာ အခမ်းအနားသို့ ပုသိမ်မြို့နယ်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာစိုးဝင်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူး၊ ပုသိမ်မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့မှ အဖွဲ့ဝင်များ၊ UN စေတနာ့ဝန်ထမ်းလူငယ်များ၊ စုစုပေါင်း အင်အား (၇၀) ဦး တက်ရောက်ခဲ့ပါသည်။ အဆိုပါသင်တန်းသည် (၁၁-၉-၂၀၁၇) ရက်နေ့မှ (၁၅-၉-၂၀၁၇) ရက်နေ့အထိ ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရှိရပါသည်။
Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)