Category Archives: News
-
မြို့နယ်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုလုပ်ငန်းစီမံချက် အစည်းအဝေးကျင်းပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၂-၉-၂၀၁၇) ရက်နေ့တွင် UN- HABITAT / actionaid မြန်မာတို့နှင့်ပူးပေါင်း၍ မြို့နယ်သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုလုပ်ငန်းစီမံချက်စာအုပ်ရေးဆွဲခြင်းအစည်းအဝေးကို ဖျာပုံမြို့ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပြုလုပ်ခဲ့ရာ ဖျာပုံခရိုင် အထွေထွေအုပ်ချုပ်ရေးဦးဌာနမှ ခရိုင်အုပ်ချုပ်ရေးမှူးမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန ခရိုင်ဦးစီးမှူးမှ အလုပ်ရုံ ဆွေးနွေးပွဲပြုလုပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး UN-HABITAT အဖွဲ့မှ လက်ထောက် စီမံချက် အရာရှိတစ်ဦးမှ မြို့နယ်သဘာဝဘေးအန္တရာယ်လျော့ချရေးဆိုင်ရာ ကြိုတင်အစီအစဉ်ရေးဆွဲခြင်း စာအုပ် ပြုလုပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ကြပြီး အစည်းအဝေးသို့ ခရိုင်နှင့် … Read more
-
ဖျာပုံနှင့် အမာမြို့နယ်တို့မှ ရေလုပ်သား (၃) ဦးအား သက်ဆိုင်ရာတာဝန်ရှိသူများထံ လွှဲပြောင်းအပ်နှံမှုသတင်း
ဖျာပုံနှင့် အမာမြို့နယ်တို့မှ ရေလုပ်သား (၃) ဦးသည် (၁၇-၉-၂၀၁၇) ရက်နေ့တွင် မုန်တိုင်းမိပြီး ဖောင်ကြိုးပြတ်၍ ပင်လယ်တွင် မျောနေစဉ် ရေတပ်လှည့်ကင်းသင်္ဘောမှ (၁၉-၇-၂၀၁၇) ရက်နေ့တွင် ကယ်တင်ခဲ့ပြီး (၂၀-၉-၂၀၁၇) ရက်နေ့တွင် ဖျာပုံခရိုင်ဦးစီးမှူးရုံး (ကဆရ) နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့မှ ရန်ကုန်မြို့ရေတပ်ဌာနချုပ်၌ အဆိုပါရေမျောလုပ်သား (၃) ဦးအား လွှဲပြောင်းလက်ခံခေါ်ဆောင်လာခဲ့ပါသည်။ ဖျာပုံခရိုင်ဦးစီးမှူးရုံး (ကဆရ) မှတာဝန်ရှိသူများ၊ ဖျာပုံမြို့နယ်ရဲတပ်ဖွဲ့၊ ဖျာပုံမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများက သက်ဆိုင်ရာတာဝန်ရှိသူများထံ လွှဲပြောင်းအပ်နှံခြင်းများကို (၂၀-၉-၂၀၁၇) ရက်နေ့၊ ည(၀၉း၃၀) နာရီအချိန်တွင်လွှဲပြောင်းဆောင်ရွက်ပေးခဲ့ကြကြောင်း သိရှိရပါသည်။ Source: … Read more
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၁-၉-၂၀၁၇) ရက်နေ့တွင် ကော့ဝန်းဘုန်းကြီးကျောင်း ဓမ္မာရုံ၌ လှိုင်းဘွဲ့မြို့နယ်၊ တောင်ခြေရင်းကျေးရွာနှင့် ကော့ဝန်းကျေးရွာရှိ ပြည်သူလူထု (၂၀၀) ဦးအား သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ပြီး အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ကရင်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ)
-
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား ဂျပန်နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှ Parliamentary Vice- Minister H.E. Mr. Iwao HORLL နှင့် Christian Aid Myanmar အဖွဲ့တို့က သီးခြားစီလာရောက်တွေ့ဆုံ
၂၁.၉.၂၀၁၇၊ နေပြည်တော် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား ဂျပန်နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှ Parliamentary Vice-Minister H.E. Mr. Iwao HORLL နှင့် Christian Aid Myanmar အဖွဲ့တို့က အဆိုပါဝန်ကြီးရုံး၊ မေခလာခန်းမ တွင် ယနေ့နေ့လည်ပိုင်းက သီးခြားစီလာရောက် တွေ့ဆုံခဲ့ပါသည်။ တွေ့ဆုံရာတွင် H.E. Mr. Iwao HORLLက ဂျပန်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံအား ဘက်ပေါင်းစုံမှ ကူညီရန်မူဝါဒမှာ မပြောင်းမလဲရှိပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ရခိုင်ပြည်နယ် အရေးကိစ္စကို … Read more
-
ရခိုင်ပြည်နယ်ဆိုင်ရာအကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရေး ကော်မတီ ဒုတိယအကြိမ်အစည်းအေ၀းကျင်းပပြုလုပ်မှုသတင်း
၂၁.၉.၂၀၁၇၊ နေပြည်တော် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရေး ကော်မတီ ဒုတိယအကြိမ်အစည်းအေ၀းကို ကော်မတီဥက္ကဌဦးဆောင်၍ (၂၁-၉-၂၀၁၇)နေ့ မွန်းလွဲ(၃)နာရီတွင် လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ အစည်း အေ၀းခန်းမတွင် ကျင်းပရာ ကော်မတီအတွင်းရေးမှူး၊ တွဲဖက်အတွင်းရေးမှူးနှင့် ကော်မတီ၀င်များ တက်ရောက်ခဲ့ပြီး ရခိုင်ပြည်နယ်ဆိုင်ရာအကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေးကော်မတီ ဥက္ကဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပထမအကြိမ် အစည်းအေ၀းတွင် ဆွေးနွေးခဲ့သည့် ဆွေးနွေးချက်များအတိုင်း နှစ်ပတ်အတွင်း ဝန်ကြီးဌာနအလိုက် ဦးစားပေးစီမံချက်များ ပေါ်ပေါက်အောင် ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ကော်မတီ စတင်ဖွဲ့စည်းခဲ့သည့် … Read more
-
တာချီလိတ်မြို့နယ်၊ အ.ထ.က ဆန်ဆိုင်း (က) ၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၁-၉-၂၀၁၇) ရက်နေ့၊ (၁၃းဝဝ) နာရီအချိန်တွင် တာချီလိတ်မြို့နယ်၊ အ.ထ.က ဆန်ဆိုင်း (က) ၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ရာ ဟောပြာပွဲ၌ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများက မြန််မာနိုင်ငံတွင် ဖြစ်ပေါ်နေသည့် သဘာဝဘေးအန္တရာယ်များအကြောင်း သဘာဝဘေးအန္တရာယ်ဖြစ်ပွားလာပါက ဆောင်ရန်ရှောင်ရန်များနှင့် ဦးစီးဌာန၏လုပ်ငန်းတာဝန်များရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး သရုပ်ပြလေ့ကျင့်ခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ပါသည်။ အဆိုပါဟောပြောပွဲသို့ လူဦးရေ (၃၀၀) ဦးတက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။ Source: ကျိုင်းတုံခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
ထောက်ပံ့ပစ္စည်းများပေးအပ်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ARSA အစွန်းရောက်အကြမ်းဖက်သမားများ၏ အကြမ်းဖက်မှုကြောင့် စစ်တွေမြို့နယ်၊ ဒက္ခိဏရာမကျောင်း၊ ဇေယျဝတီကျောင်း ပရိယတ္တိပျိုးခင်းကျောင်းနှင့် ဓညဝတီအားကစားကွင်းများသို့ နေရပ်စွန့်ခွာလာကြသော အိမ်ထောင်စု (၂၉၃) စုမှ လူဦးရေ (၉၁၈) ဦးတို့အတွက် စားနပ်ရိက္ခာ (ဆန်၊ဆီ၊ပဲ၊ဆား) (၁) ပတ်စာအား (၂၁-၉-၂၀၁၇) ရက်နေ့တွင် သွားရောက်ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ရခိုင်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ)
-
လေပြင်းဘေးထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေဦးစီးမှူးရုံး မှတာဝန်ရှိသူများသည် တပ်ကုန်းမြို့နယ်၊ ရှားတောအုပ်စု၊ ဂွေးပင်ကျေးရွာ၌ (၁၈-၉-၂၀၁၇) ရက်နေ့တွင်ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် ဘေးသင့်ခဲ့သောနှစ်ထပ် အိမ်ထရံကာ၊ ပျဉ်ခင်း၊ သွပ်မိုးနေအိမ် (၁) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀,၀၀ဝ) ကျပ်နှင့် ဆန်ရိက္ခာဖိုးငွေ (၄,၂၀ဝ) ကျပ်တို့အား (၂၀-၉-၂၀၁၇) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါ သည်။ Source: ပြည်ထောင်စုနယ်မြေဦးစီးမှူးရုံး (ကဆရ)









