မြို့နယ်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုလုပ်ငန်းစီမံချက် အစည်းအဝေးကျင်းပပြုလုပ်မှုသတင်း

ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၂-၉-၂၀၁၇) ရက်နေ့တွင် UN- HABITAT / actionaid မြန်မာတို့နှင့်ပူးပေါင်း၍ မြို့နယ်သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုလုပ်ငန်းစီမံချက်စာအုပ်ရေးဆွဲခြင်းအစည်းအဝေးကို ဖျာပုံမြို့ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပြုလုပ်ခဲ့ရာ ဖျာပုံခရိုင် အထွေထွေအုပ်ချုပ်ရေးဦးဌာနမှ ခရိုင်အုပ်ချုပ်ရေးမှူးမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန ခရိုင်ဦးစီးမှူးမှ အလုပ်ရုံ ဆွေးနွေးပွဲပြုလုပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး UN-HABITAT အဖွဲ့မှ လက်ထောက် စီမံချက် အရာရှိတစ်ဦးမှ မြို့နယ်သဘာဝဘေးအန္တရာယ်လျော့ချရေးဆိုင်ရာ ကြိုတင်အစီအစဉ်ရေးဆွဲခြင်း စာအုပ် ပြုလုပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ကြပြီး အစည်းအဝေးသို့ ခရိုင်နှင့် မြို့နယ် ဌာနဆိုင်ရာများမှ တာဝန်ရှိသူ (၄၃) ဦးတက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး (ကဆရ)

Sign Up

Upcoming Events