ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေဦးစီးမှူးရုံး မှတာဝန်ရှိသူများသည် တပ်ကုန်းမြို့နယ်၊ ရှားတောအုပ်စု၊ ဂွေးပင်ကျေးရွာ၌ (၁၈-၉-၂၀၁၇) ရက်နေ့တွင်ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် ဘေးသင့်ခဲ့သောနှစ်ထပ် အိမ်ထရံကာ၊ ပျဉ်ခင်း၊ သွပ်မိုးနေအိမ် (၁) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀,၀၀ဝ) ကျပ်နှင့် ဆန်ရိက္ခာဖိုးငွေ (၄,၂၀ဝ) ကျပ်တို့အား (၂၀-၉-၂၀၁၇) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါ သည်။
Source: ပြည်ထောင်စုနယ်မြေဦးစီးမှူးရုံး (ကဆရ)