ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ARSA အစွန်းရောက်အကြမ်းဖက်သမားများ၏ အကြမ်းဖက်မှုကြောင့် စစ်တွေမြို့နယ်၊ ဒက္ခိဏရာမကျောင်း၊ ဇေယျဝတီကျောင်း ပရိယတ္တိပျိုးခင်းကျောင်းနှင့် ဓညဝတီအားကစားကွင်းများသို့ နေရပ်စွန့်ခွာလာကြသော အိမ်ထောင်စု (၂၉၃) စုမှ လူဦးရေ (၉၁၈) ဦးတို့အတွက် စားနပ်ရိက္ခာ (ဆန်၊ဆီ၊ပဲ၊ဆား) (၁) ပတ်စာအား (၂၁-၉-၂၀၁၇) ရက်နေ့တွင် သွားရောက်ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ရခိုင်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ)