ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၁-၉-၂၀၁၇) ရက်နေ့၊ (၁၃းဝဝ) နာရီအချိန်တွင် တာချီလိတ်မြို့နယ်၊ အ.ထ.က ဆန်ဆိုင်း (က) ၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ရာ ဟောပြာပွဲ၌ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများက မြန််မာနိုင်ငံတွင် ဖြစ်ပေါ်နေသည့် သဘာဝဘေးအန္တရာယ်များအကြောင်း သဘာဝဘေးအန္တရာယ်ဖြစ်ပွားလာပါက ဆောင်ရန်ရှောင်ရန်များနှင့် ဦးစီးဌာန၏လုပ်ငန်းတာဝန်များရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး သရုပ်ပြလေ့ကျင့်ခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ပါသည်။ အဆိုပါဟောပြောပွဲသို့ လူဦးရေ (၃၀၀) ဦးတက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။
Source: ကျိုင်းတုံခရိုင်ဦးစီးမှူးရုံး (ကဆရ)