ဖျာပုံနှင်‌့ အမာမြို့နယ်တို့မှ ရေလုပ်သား (၃) ဦးအား သက်ဆိုင်ရာတာဝန်ရှိသူများထံ လွှဲ‌ပြောင်‌းအပ်နှံမှုသတင်း

22_pic01 22_pic02

ဖျာပုံနှင်‌့ အမာမြို့နယ်တို့မှ ရေလုပ်သား (၃) ဦးသည် (၁၇-၉-၂၀၁၇) ရက်နေ့တွင် မုန်တိုင်‌းမိပြီး ဖောင်ကြိုးပြတ်၍ ပင်လယ်တွင် မျော‌နေစဉ် ရေတပ်လှည်‌့ကင်‌းသင်္ဘောမှ (၁၉-၇-၂၀၁၇) ရက်နေ့တွင် ကယ်တင်ခဲ့ပြီး (၂၀-၉-၂၀၁၇) ရက်နေ့တွင် ဖျာပုံခရိုင်ဦးစီးမှူးရုံး (ကဆရ) နှင့် ‌မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့မှ ရန်ကုန်မြို့‌ရေတပ်ဌာနချုပ်၌ အဆိုပါရေမျောလုပ်သား (၃) ဦးအား လွှဲ‌ပြောင်‌းလက်ခံ‌ခေါ်‌ဆောင်လာခဲ့ပါသည်။ ဖျာပုံခရိုင်ဦးစီးမှူးရုံး (ကဆရ) မှတာဝန်ရှိသူများ၊ ဖျာပုံမြို့နယ်ရဲတပ်ဖွဲ့၊ ဖျာပုံမြို့နယ်အ‌ထွေ‌ထွေအုပ်ချုပ်‌‌ရေးဦးစီးဌာနမှ တာဝန်ရှိသူများက သက်ဆိုင်ရာတာဝန်ရှိသူများထံ လွှဲ‌ပြောင်‌းအပ်နှံခြင်‌းများကို (၂၀-၉-၂၀၁၇) ရက်‌‌နေ့၊ ည(၀၉း၃၀) နာရီအချိန်တွင်လွှ‌ဲပြောင်‌း‌ဆောင်ရွက်‌‌ပေးခဲ့ကြကြောင်း သိရှိရပါသည်။

Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး (ကဆရ)

Sign Up

Upcoming Events