Category Archives: News
-
မိုင်းယောင်းမြို့နယ်၊ ဟောင်ကျောင့်ကျေးရွာ၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၆-၉-၂၀၁၇) ရက်နေ့၊ (၁၃းဝဝ) နာရီအချိန်တွင် မိုင်းယောင်းမြို့နယ်၊ ဟောင်ကျောင့်ကျေးရွာ၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ရာ တာဝန်ရှိသူများက မြန််မာနိုင်ငံတွင် ဖြစ်ပေါ်နေသည့် သဘာဝဘေးအန္တရာယ်များအကြောင်း၊ သဘာဝဘေးအန္တရာယ်ဖြစ်ပွားလာပါက ဆောင်ရန်၊ ရှောင်ရန်များ၊ ဦးစီးဌာန၏လုပ်ငန်းတာဝန်များနှင့် ရည်ရွယ်ချက်တို့ကို ရှင်းလင်းခဲ့ပြီး သရုပ်ပြလေ့ကျင့်ခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ရာ ပြည်သူူလူထု (၁၀၀) ဦးတက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။ Source: ကျိုင်းတုံခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
သောက်/သုံးရေထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်း ဦးမှူးရုံးမှတာဝန်ရှိသူများသည် (၂၆-၉-၂၀၁၇)ရက်နေ့တွင် ပုဗ္ဗသီရိမြို့နယ် ကျည်တောင်ကန်ကျေးရွာ အုပ်စု မြောက်ချောင်းကျေးရွာရှိ နေအိမ် (၅၉) လုံးအား တပင်ရွှေထီးရပ်ကွက်အတွင်းရှိ နေပြည်တော် စည်ပင်သာယာရေးကေ်မတီမှ မြေကွက်ဖော်ထုတ်ထားသည့်မြေနေရာသို့ ပြောင်းရွှေလျက်ရှိရာ သောက်ရေ သုံးရေလိုအပ်နေပါသဖြင့် သုံးရေ (၄၈၀၀) ဂါလံနှင့် သောက်ရေသန့် (၂၀) လီတာဝင် (၅၉) ဗူးအား သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။Source: ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးမှူးရုံး (ကဆရ)
-
မြဝတီမြို့၊ အမှတ် (၄) ရပ်ကွက်ရှိ အမှတ်(၂)အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)၌ သဘာဝဘေးအန္တရာယ်အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခြင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မြဝတီခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၆-၉-၂၀၁၇) ရက်နေ့၊ နံနက်(၁၁းဝဝ) နာရီအချိန်တွင် မြဝတီမြို့၊ အမှတ် (၄) ရပ်ကွက်ရှိ အမှတ်(၂)အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)၌ သဘာဝဘေးအန္တရာယ်အသိပညာပေးဟောပြောပွဲအခမ်းအနားကျင်းပပြုလုပ်ခဲ့ရာ မြဝတီခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများက သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍ ဆောင်ရန်ရှောင်ရန် အချက်အလက်များအား အသိပညာပေးဟောပြောခဲ့ပြီး လက်ကမ်းစာစောင်များကို တက်ရောက်လာသူများထံ ဖြန့်ဝေပေးခဲ့ပါသည်။ အဆိုပါဟောပြောပွဲသို့ အမှတ်(၂)အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)မှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ (၂၀၀) ဦးခန့်တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။ Source: မြဝတီခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
သဘာဝဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်းလူငယ်(ဆင့်ပွား)သင်တန်း ဖွင့်လှစ်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးမှူးရုံးမှတာဝန်ရှိသူများသည် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်(၂၆-၉-၂၀၁၇)ရက်နေ့တွင် ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ်တွင် သဘာဝဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်းလူငယ်(ဆင့်ပွား)သင်တန်းကို သင်တန်းသား(၃၀)ဦး ဖြင့်(၂၆-၉-၂၀၁၇)မှ (၂၉-၉-၂၀၁၇)ရက်နေ့ထိ ဖွင့်လှစ်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ဗန်းမော်ခရိုင်ဦးမှူးရုံး (ကဆရ)
-
လူသားချင်းစာနာထောက်ထားမှုအကူအညီများပေးအပ်ရာတွင် Red Cross Movement ၏ အကောင်အထည်ဖော်မှုများ စနစ်တကျဆောင်ရွက်နိုင်ရေး ညှိနှိုင်းဆွေးနွေးခြင်း
ARSA အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ လူသားချင်းစာနာ ထောက်ထားမှု အကူအညီလိုအပ်သူအားလုံးကို Red Cross Movement ဖြင့် ကူညီထောက်ပံ့မှုများကို ထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် လုပ်ငန်းညှိနှိုင်းအစည်း အဝေးတစ်ရပ်ကို စစ်တွေမြို့၊ ပြည်နယ်အစိုးရဧည့်ရိပ်သာခန်းမတွင် ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ (၂၅)ရက်နေ့ ည (၇:၀၀) နာရီတွင် ကျင်းပရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ Red Cross Movement တွင် ပါဝင်သော မြန်မာနိုင်ငံ ကြက်ခြေနီအသင်း … Read more
-
အကြမ်းဖက်ဖြစ်စဥ်များကြောင့် ခေတ္တနေရပ်စွန့်ခွာတိုင်းရင်းသားများအတွက် အလှူပစ္စည်းများပေးအပ်မှုသတင်း
ARSA အစွန်းရောက်အကြမ်းဖက် တိုက်ခိုက်မှုဖြစ်စဥ်များကြောင့် ခေတ္တနေရပ်စွန့်ခွာ တိမ်းရှောင်နေရသည့် ဒေသခံတိုင်းရင်းသားများအတွက် အလှူပစ္စည်းပေးအပ်ပွဲ အခမ်းအနားကို (၂၆-၉-၂၀၁၇) ရက်နေ့ မွန်းလွဲပိုင်းက လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ အစည်း အေ၀းခန်းမ၌ ကျင်းပရာ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့နယ်၊ ကမ္ဘောဇနာရေးနှင့် လူမှု ကူညီရေးအသင်းမှ အုပ်ချုပ်သူ ဦးဆန်းဦးက ငွေကျပ်(၂,၈၀၀,၀၀၀ိ/-) တန်ဖိုးရှိ လူသုံးကုန်နှင့် စားသောက်ကုန်ပစ္စည်းများကို ပေးအပ်လှူဒါန်းခဲ့ရာ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ ဒေါက်တာကိုကိုနိုင်က လွှဲပြောင်းလက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိသည်။
-
ဟင်္သာတမြို့၊ သာသနာ့ဗိမာန် ဆယ်ထပ်ကြီးဘုရားဝန်း၌ သဘာဝဘေးအန္တရာယ်လျော့ချရေးဆိုင်ရာ စေတနာ့ဝန်ထမ်းလူငယ်ကနဦးစီမံချက် “ရပ်ရွာလူထုအခြေပြု ဘေးအန္တရာယ်ကြောင့် ဆုံးရှုံးနိုင်ခြေ စီမံခန့်ခွဲမှုသင်တန်း” ဖွင့်လှစ်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနနှင့် UNV (UN Volunteers) တို့ပူးပေါင်း၍ (၂၅-၉-၂၀၁၇) ရက်နေ့၊ (၀၉းဝဝ) နာရီချိန်တွင် ဟင်္သာတမြို့နယ်၊ သာသနာ့ဗိမာန်၊ ဆယ်ထပ်ကြီးဘုရားဝန်း၌ သဘာဝဘေးအန္တရာယ်လျော့ချရေးဆိုင်ရာ စေတနာ့ဝန်ထမ်းလူငယ်ကနဦးစီမံချက် “ရပ်ရွာလူထုအခြေပြု ဘေးအန္တရာယ်ကြောင့် ဆုံးရှုံးနိုင်ခြေ စီမံခန့်ခွဲမှုသင်တန်း” ဖွင့်ပွဲအခမ်းအနားကို ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ဟင်္သာခရိုင်ဦးစီးမှူးရုံး(ကဆရ) မှ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ ပုဂ္ဂိုလ်များနှင့် စေတနာ့ဝန်ထမ်းလူငယ် (၅၅) ဦးတို့ သင်တန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ကြပါသည်။ အဆိုပါသင်တန်းအား (၂၅-၉-၂၀၁၇) မှ (၂၉-၅-၂၀၁၇) နေ့ထိ … Read more
-
ရေဘေးသင့်ပြည်သူများအတွက် ဆန်ရိက္ခာဖိုးငွေများထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကလေးခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ကလေးဒေသတွင် ဘုန်းကြီးကျောင်းများ၊ အများပိုင်အဆောက်အဦးများ၌ ရေဘေးရှောင်ကြသည့် ထောက်ပံ့ရန်စာရင်းကျန်ရှိသော အိမ်ထောင်စုများ အတွက် အိမ်ခြေ (၈၅) လုံး၊ အိမ်ထောင်စု (၈၈) စု၊ လူဦးရေ (၄၆၈) ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာဖိုးငွေ စုစုပေါင်း (၉၈၂၈၀၀) အား (၂၅-၉-၂၀၁၇) နေ့၌ ကလေးမြို့နယ်ထွေထွေအုပ်ချုပ်ရေးရုံးခန်းတွင် ရေဘေးသင့်သူများထံသို့ ပေးအပ်ခဲ့ပါသည်။ ကလေး ဒေသရေကြီးမှုဖြစ်စဉ်တွင် စုစုပေါင်းထောက်ပံ့ပြီးစီးမှုမှာ (၂၅-၉-၂၀၁၇) ရက်နေ့ထိ ရပ်ကွက်/ကျေးရွာ (၁၉) ရွာမှ အိမ်ခြေ (၂၂၇၄) လုံး၊ … Read more









