ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကလေးခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ကလေးဒေသတွင် ဘုန်းကြီးကျောင်းများ၊ အများပိုင်အဆောက်အဦးများ၌ ရေဘေးရှောင်ကြသည့် ထောက်ပံ့ရန်စာရင်းကျန်ရှိသော အိမ်ထောင်စုများ အတွက် အိမ်ခြေ (၈၅) လုံး၊ အိမ်ထောင်စု (၈၈) စု၊ လူဦးရေ (၄၆၈) ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာဖိုးငွေ စုစုပေါင်း (၉၈၂၈၀၀) အား (၂၅-၉-၂၀၁၇) နေ့၌ ကလေးမြို့နယ်ထွေထွေအုပ်ချုပ်ရေးရုံးခန်းတွင် ရေဘေးသင့်သူများထံသို့ ပေးအပ်ခဲ့ပါသည်။ ကလေး ဒေသရေကြီးမှုဖြစ်စဉ်တွင် စုစုပေါင်းထောက်ပံ့ပြီးစီးမှုမှာ (၂၅-၉-၂၀၁၇) ရက်နေ့ထိ ရပ်ကွက်/ကျေးရွာ (၁၉) ရွာမှ အိမ်ခြေ (၂၂၇၄) လုံး၊ အိမ်ထောင်စု (၂၃၆၉) စု၊ လူဦးရေ (၁၀၈၃၇) ဦးအတွက် ဆန်ရိက္ခာ ဖိုးငွေကျပ် (၂၂၇၅၇၇၀၀) ဖြစ်ကြောင်းသိရှိရပါသည်။
Source: ကလေးခရိုင်ဦးစီးမှူးရုံး (ကဆရ)